Wednesday, April 11, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ဝန်းရံပေးလို့  အဆိုတော်တွေ ပိတ်ပင်ခံရ

 ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ဝန်းရံပေးတဲ့ သူပြည်သူတွေကို နေပြည်တော်မှာ ရေတွင်းပြန်ပိတ်တာ     ဇီဝိတဒါနဆေးရုံကို နံမည်ပြောင်းတာ ရုံးဝန်ထမ်း ကျောင်းဆရာ ဆရာမများနယ်ပြောင်းခံရတာ           အခု အဆိုတော်တွေ ဖျော်ဖြေခွင့်ပိတ်ခံရတာတွေဟာ ဒီမိုကရေစီ အစိုးရရဲ့ လုပ်ရပ်မဟုတ်ပါဘူး။    ပြည်သူတွေ စားဝတ်နေရေး အခက်အခဲဖြစ်အောင် ကောက်ကျစ်တဲ့စိတ်နဲ့ လုပ်နေတာဖြစ်တယ်        လက်ရှိအစိုးရဟာ စစ်အာဏာရှင်တွေဖြစ်တဲ့အတွက် ဒီမိုကရေစီဖော်ဆောင်နေပါတယ်ဆိုပြီး အစိုးရ       အဖွဲ့ ကတော့ ဥပဒေတွေကို မလေးစားတာတွေ့ ရပါတယ်။ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းနဲ့  စားဝတ်နေရေးပိတ်ပင်တာဟာ လူ့ အခွင့်အရေးချိုးဖေါက်တာဖြစ်တယ်။ သမတကြီးပြောတဲ့ ကောင်းမွန်တဲ့အစိုးရ သန့် ရှင်းတဲ့အစိုးရ ဖြစ်အောင်ဆောင်ရွက်မယ်တဲ့ သူရဲ့        ပါတီဖြစ်တဲ့ ကြံခိုင်ရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးပါတီ (နံမည်ကတော့ရှယ်ဘဲ)လူတွေကတော့ စောက်         တလွဲတွေကြီးပဲ သမကြီးက နိုင်ငံတကာကိုလှည့်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေလုပ်နေပါတယ် အသိအမှတ်ပြုပေးရန် တောင်းဆိုနေပြီး  သူ့ ပါတီကတော့ လက်နဲ့ ရေးတာကို ခြေနဲ့ ဖျက်နေကြတယ်။    ဒီလိုအစိုးရမျိုးဟာ ဘယ်လိုတိုင်းပြည်ကို အကျိုးပြုနိုင်ပါ့မလဲ။တိုင်းပြည်ကို အလွဲသုံးစားလုပ်နေတဲ့အစိုးရ    ကိုပြည်သူက လက်မခံနိုင်တာမဆန်းပါ အချိန်ကပြောပါလိမ့်မယ်။                                          မီးမီးခဲ ထူးအယ်လင်း ဘရိတ်ကီ လင်းလင်း တို့ဖြစ်တယ်လို့သိထားပါတယ်။ဒီမိုကရေစီဖော်ဆောင်နေပါပြီ ဆိုတဲ့ အစိုးရလက်ထက်မှာ ဒီလို အကျင့်စိတ်တွေ ရှိ နေသေးဒါကိုကြည့်ခြင်းအားဖြင့် သူတို့တွေမပြောင်း လဲသေးဘူးဆိုတာ သက်သေပြလိုက်တာဘဲဖြစ်ပါတယ်။