skip to main |
skip to sidebar
မြန်မာနိုင်ငံပုံနှိပ်၊ထုတ်ဝေ၊ဖြန့်ချိ သူများအသင်းဖြစ်မြောက်ရေးဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် ဖြစ်မြောက်ရေးကော်မီတီနှင့် ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ ဖြန့်ချိသူများနှင့်တွေ့ဆုံပွဲကို ယခုလ ၉ ရက်နေ့ တွင် ရန်ကုန်မြို့ ရှိ CITY STAR ဟိုတယ်တွင်ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲဝယ် ဒေါက်တာ သာထွန်းဦး၊ဦးမောင်မောင်မြင့်အေးတို့က အမှာစကားပြော
ကြားခဲ့ကြပြီး၊တွေ့ဆုံပွဲသို့တက်ရောက်လာကြသူများကလည်း
အသင်းဖြစ်မြောက်ရေးကိစ္စ များကို တင်ပြ ဆွေးနွေး ကြကာယင်းကို အကောင်
အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ဧပြီလ ၂၈နှင့် ၂၉ရက် များတွင်
အစည်းအဝေးထပ်မံ ပြုလုပ်သွားရန်ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။