မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ရုံးမှာ ပြီးခဲ့တဲ့ ၂၀၁၁ စက်တင်ဘာလက သြဝါဒတရား ချီးမြှင့်ခဲ့သည်
ဆိုသော အကြောင်းပြချက်ဖြင့် ယခုနှစ် ဖေဖော်ဝါရီလက ကြည့်မြင်တိုင်
သာဓုပရိယတ္တိ စာသင်တိုက်မှ ထွက်ခွာသွားရန် မတရားဖယ်ရှားခြင်း ခံခဲ့ရတဲ့
ရွှေညဝါဆရာတော်ကြီးဟာ ၁၀ရက်နေ့က ထိုင်းနိုင်ငံသို့ သာဿနာပြု တရားဓမ္မများ ဟောကြားရန် ရောက်ရှိနေပါတယ်။
ပြည်သူများရဲ့  ကြည်ညိုလေးစားခြင်းခံရတဲ့ ရွှေညဝါဆရာတော်ကြီးဟာ ဓမ္မတရားနှင့်အညီ အေးချမ်း
စွာ နေထိုင်နေပါတယ်။အမှန်တရားဟာ ဘယ်တော့မှဖျောက်ဖျက်လို့ မရပါဘူး ပြည်သူဘက်မှ သံဃာရဲ့ 
ဝတ်နည်းနဲ့ အညီ ဆုံးမတရားများဟောကြားခဲ့တဲ့အတွက် အစိုးရရဲ့ ညိုငြင်ခြင်းခံရပြီး မတရားကျောင်းမှ
နှင်ထုတ်ခံခဲ့ရသောကြောင့် ပြည်သူများမျက်ရည် ကြီးငယ်ကျခဲ့ရပေမဲ့ ဆရာတော်ကြီးဟာ င်္သခါရတရား
ကိုလက်ကိုင်ထားသူမို့  အပြုံးမပျက်ခဲ့ပါဘူး။
ဒုက္ခသစ္စာမသိတဲ့ အစိုးရဟာ အ၀ိဇ္ဇာဖုံးလွမ်းပြီး သံဃာတွေတောင်သတ်ရဲတာ အ၀ိစီမှတပါး အခြားမရှိတော့ပါ။
ရွှေညဝါဆရာတော်ကြီးအား ဆက်သွယ်ရန်ဖုန်း