Friday, April 27, 2012

Google ဝန်ဆောင်မှု များအား အဆင့် မြှင့်တင်

Google သည် ၎င်းတို့၏ Gmail တွင်သိမ်းဆည်းနိုင်မှုများအား ဧပြီလ ၂၄ရက်နေ့ကမြှင့်တင်ခဲ့ပြီး           အခြား အခမဲ့ ဝန်ဆောင်မှုပေးသည် များကိုလဲ ပြင်ဆင်ခဲ့ကြောင်း Google ၏ ထုတ်ပြန်ချက်များအရ
သိရသည်။
ယင်းမြှင့်တင် မှုများတွင် Gmail အတွင်း မေးလ်များကို သိမ်းဆည်းနိုင်မှု ၇GB မှ ၁၀ GB သို့လည်း

ကောင်း၊ ယခင်က Docs ဖိုင်များသာ Uploadသာပြုလုပ်နိုင်သည့် Google Docs အား အဆင့်မြှင့်တင်၍ Upload နှင့်Download ပြုလုပ်နိုင်သော Google Drive အဖြစ်လည်းကောင်း ပြောင်းလဲခဲ့သည်။

ယခင်က သိမ်းဆည်းမှု ပမာဏ ပိုယူလိုသူများမှာ တစ်နှစ်လျှင် တခါသာ အွန်လိုင်းငွေပေးချေ မှုစနစ်ဖြင့်

 ပေးဆောင်ရသော်လည်း ယခုအခါ အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် တစ်လတစ်ခါ ပေးဆောင်ရန် အဖြစ် သတ်မှတ်လိုက်ပြီး ပေးဆောင်ရသောနှုန်းထားများကိုလဲ ပြောင်းလဲလိုက်ကြောင်း Google ၏ထုတ်ပြန်
ချက် များအရသိရသည်။T V W