Friday, April 27, 2012

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားလျက်ရှိ


နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားလျက်ရှိရာ ဧပြီ ၂၆ ရက်တွင် ဦးခင်ဇော် အပါအဝင် ပုဂ္ဂိုလ် 
၂၂ ဦးက အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ တည်ထောင်လိုကြောင်း လာရောက်လျှောက်ထားသည်။ ထို့အတူ ဧပြီ ၂၆ ရက်တွင် ဦးနိုင်ငွေသိမ်း အပါအဝင် ပုဂ္ဂိုလ် ၁၅ ဦး
က မွန်ဒီမိုကရေစီပါတီကို တည်ထောင်လိုကြောင်း လာရောက်လျှောက်ထားခဲ့သည်။ ယင်းလျှောက်ထားချက်များနှင့် ပတ်သက်ပြီး ပါတီတည်ထောင်လိုသူ ပုဂ္ဂိုလ်များသည် နိုင်ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်ပေးနိုင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ မေတ္တာရပ်ခံ ညှိနှိုင်းထားကြောင်း ၂၀၁၂ ခုနှစ် ဧပြီ ၂၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။