Sunday, April 1, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နှောင့်ယှက်မှုတွေရှိနေ

 
မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ကော့မှူးမြို့နယ်ကို သွားရောက်ခဲ့တာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က ခြိမ်းခြောက် အနှောက်အယှက်ပေးတာတွေ ရှိခဲ့ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေက ကားတွေနဲ့ လိုက်လာပြီးတော့ ၀ါးသိင်္ခရွာ ထိပ်နားမှာ အနှောက်အယှက် ပေးခဲ့တာဖြစ်တယ်လို့ ဗွီအိုအေက သိရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် လိုက်ပါသွားတဲ့ NLD ပါတီဝင်တဦးက အခုလိုပြောပြပါတယ်။