Sunday, April 1, 2012

အစိုးရနှင့်ရွေးကောက်ပွဲကော်မရှင် ကြံ့ ဖွတ်၏ မဲမသမာမှုများ မတားဆီးနိုင် လက်ပိုက်ကြည့်နေရသည်

မတ် ၃၁၊ ၂၀၁၂။ (့YPI)
ကျင်းပနေသည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မတ်လ ၂၄ ရက်နေ့အထိအတည်ပြုပြီး
သည့် မဲစာရင်းများတွင် ထပ်မည့်စွတ်နှုတ်ပယ်ခြင်းမပြုလုပ်ကြရန် ပခုက္ကူမြို့နယ်ကော်မရှင်အဖွဲ့ခွဲ
က ပခုက္ကူမြို့နယ်ရပ် ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲအားလုံးသို့ မတ်လ ၃၀ ရက်ဖွဲ့ဖြင့် အကြောင်းကြားစာပေးပို့ခဲ့သည်။

အကြောင်းကြားစာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်ဧ။်မတ်လ၂၉ ရက်စွဲပါစာအမှတ် (၄) ၄/ရကပ၊ကမရရအရ ရည်ညွှန်းထားခြင်းဖြစ်ပြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဌဦးဘိုးတုကိုယ်တိုင်လက်မှတ်ထိုးထားခြင်းဖြစ်သည်။ ရည်ညွှန်းချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရက်နီးကပ်လာပြီးဖြစ်၍ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက်မဲစာရင်းများကို   ရွေးကောက်ပွဲ ဥပဒေပုဒ်မ၁၉ ၊ နည်းဥပဒေ ၁၃/၁၄တို့နှင့်အညီစိစစ်ပြင်ဆင်၊ဖြည့်စွတ်နှုတ်ပယ်ပြီး ရွေးကောက်ပွဲ
မတိုင်မှီ   မတ်လ၂၄ ရက် အလိုအတည်ပြုကြရန် ညွှန်ကြားထားပြီးဖြစ်သည်။


ထို့ကြောင့်မဲစာရင်းများကို မတ်လ၂၄ ရက်နေ့တွင်အတည်ပြုပြီးဖြစ်ပါသဖြင့် (ကွယ်လွန်၊ပြောင်းရွေ့) သွားသူရှိပါကဥပဒေအရ စားရင်းလျော့သွားသည်မှအပ ထပ်မံဖြည့်စွတ်သည့်စာရင်းကို ဥပဒေနှင့်
မညီဘဲ ထည့်မံပြင်ဆင်ဖြည့်စွတ်၊နှုတ်ပယ်ခြင်းမပြုရန်တိကျစွာလိုက်နာရန်  ရည်ညွှန်းစာဖြင့် အကြောင်းကြားလာခြင်းဖြစ်သည်။

ထို့ကြောင့် ပခုက္ကူမြို့နယ်ရပ် ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲအားလုံးကမတ်လ ၂၄ရက်နောက်ပိုင်း အတည်ပြုပြီးသော မဲစားရင်းမှအပထပ်မံဖြည့်စွက်ပြင်ဆင်သည်များလုံးဝမပြုလုပ်ရန်နှင့်တိကျစွာ လိုက်နာရန်အကြောင်းကြားခြင်းဖြစ်သည်ဟုဖော်ပြထားသည်။

ကြိုတင်မဲ မသမာမှု(၂)

- နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ကျေးစာဥကျေးရွာ

ကြိုတင်မဲပေးနိုင်သူ ၁၃ ဦးရှိသည့်အနက် မဲပြားငါးပြားသာယူဆောင်လာပြီး ကျန်ရှစ်ဦးမှာ မဲပြားအပို မပါသောကြောင့် မဲမပေးခဲ့ရဟုပြောသည်။
“ငါတို့က NLD ကိုမဲပေးမယ်။ ကြိုတင်မဲပေးမယ်ဆိုတော့ မဲပြားမပါဘူး။ ကြိုက်တဲ့နေရာကိုတိုင်လို
့ပြောတယ်” ဟု ကြိုတင်မဲပေးနိုင်သည့်စာရင်းတွင်ပါရှိသော်လည်း ကြိုတင်မဲမပေးခဲ့ရသည့်   ဒေသခံတစ်ဦးကပြောသည်။

ကြိုတင်မဲ မသမာမှု(၃)

- နေပြည်တော်၊ ဇမ္ဗူသီရိ၊ ရှားတောရွာ

မြို့နယ်ကော်မရှင်မှ လူသုံးဦးကြိုတင်မဲများလိုက်လံကောက်ယူရာတွင် မည်သည့်ပါတီကို မဲပေးရ
မည် မသိသောသူများကို ခြင်္သေ့ဘေးတွင် အမှန်ခြစ်ရန် ကော်မရှင်မှလူများက တိုက်တွန်းကြောင်း    ဒေသခံများကပြောသည်။

ကိုတင်မဲ မသမာမှု(၄)

-ရေစကြိုမြို့

ကြိုတင်မဲပြားပေါ်ရှိ ခွပ်ဒေါင်းတံဆိပ်ဘေးတွင် မှင်ရာမထင်အောင် ဖယောင်းသုတ်ထားသည် ဟု ကြိုတင်မဲပေးနေသည့် ဒေသခံများကပြောသည်။

မော်လမြိုင်မှာ ကြိုတင်မဲအတင်းပေးခိုင်း

ကြိုတင် မဲမသမာမှုများ (၅)
မတ်လ၃၁ ရက်၊ ၂၀၁၂ ခုနှစ်၊ ဟံသာ (YPI)

မော်လမြိုင်မြို့ ဇေယျာမြိုင် ရပ်ကွက်တွင် ယနေ့ကြိုတင်မဲ အတင်းပေးခိုင်းသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မော်လမြိုင် အောင်နိုင်ရေး ကော်မတီမှဦးကိုကိုဇော်ကပြောသည်


“ရာအိမ်မှူးရယ် ၊ရပ်ကွက်လူကြီးတွေရယ် ၊ကော်မရှင်အဖွဲ့ဝင်တွေရယ် ငါးယောက်လောက်အိမ်ပေါ်တက်လာ ကြတယ်။ သူတို့က ဒီအိမ်မှာကြိုတင်မဲပေးရမယ်ပြောတယ်၊
အိမ်ကလူတွေကသူတို့လည်းဘာမှမဖြစ်ဘဲနဲ့ မပေးနိုင်ဘူးပြန်ပြောတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်ဘေးအိမ်ကလူတွေရောက်လာတော့သူတို့လဲ ပြန်သွားတယ်” ဟု ဦးကိုကိုဇော် ကပြောသည်။

လက်ရှိမော်လမြိုင်တွင်ဖြစ်နေသောကြိုတင်မဲကိစ္စမှာ အချို့ ရပ်ကွက်လူကြီးများမှ ကြိုတင်မဲလာကောက်သည့် ပြသာနာဖြစ်ပြီး အဆိုပါကိစ္စများလည်း မှတ်တမ်းတင်ထားသည်ဟု ၎င်းကပြောသည်။

မော်လမြိုင်မြို့နယ်တွင် တောရွာအချို့စာရင်းမပေါင်းရသေးဘဲ မြို့ပေါ်နေသူသတ်သတ် ကြိုတင်မဲပေးသူ ၇၀၀ ၊၈၀၀၀န်းကျင်ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း၎င်းကဆက်ပြောသည်။