skip to main |
skip to sidebar
အီတလီနိုင်ငံခြားရေးဝန်ကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဧပြီလ ၂၆ ရက် နံနက် ၉နာရီခွဲက ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ၁ နာရီကျော်ကြာတွေ့ဆုံဆွေးနွေးခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်ခု ဖြစ်သည့် အီတလီနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ်
အရေးယူပိတ်ဆို့မှုတွေကို လက်ရှိတိုးတက်လာသော နိုင်ငံရေးအခြေအနေများအရ တစ်နှစ်ဆိုင်းငံ့ပေးထားကြောင်း၊ ၂၀၁၅ ခုနှစ်တွင်ဒီမိုကရေစီစံနှုန်းပြည့်လိမ့်မည် ဟုမျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း
NLD လွှတ် တော် ထဲဝင်ရောက်ရေးဟာ နည်းနာပိုင်းဆိုင်ရာပြဿနာလေးသာဖြစ်ကြောင်း ၊ လွှတ်တော်တွင်းဝင်ပြီး နိုင်ငံကို အလုပ်အကျွေးပြုချင်ကြောင်းပြောကြားခဲ့သည်။ တွေ့ဆုံမှုအပြီး
သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် သတင်းထောက်များအား လွှတ်တော်ကိစ္စရပ်ဆိုင်ရာမေးခွန်းများကို မေးမြန်းခွင့်မပြုခဲ့ဘဲ အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် ပိတ်ဆို့အရေးယူမှု ဆိုင်ရာမေးခွန်းများကိုသာမေးမြန်းခွင့်ပြုခဲ့သည်။