အောင်သူရ
ရန်ကုန်၊ ဧပြီ - ၂၂
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသ
င်းက
ဦးစီး၍ ဆန်စပါး အဓိက စိုက်ပျိုးသော ၄၆ မြို့နယ် ကျေး ရွာ ၉၂ရွာမှ တောင်သူ
၃၄၇၉ ဦးကို ကျပန်းစနစ်ဖြင့် မေးမြန်းစစ်တမ်း ကောက်ယူရာတွင် ၄၆
ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးနေခြင်းအခြေ အနေ၌ခံစားနေရကြောင်း
တွေ့ရှိရသည်ဟုသတင်းရရှိသည်။
ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့နှင့် ရခိုင် ပြည်နယ်မှ မြို့နယ် ၄၆ မြို့နယ်အား ရွေးချယ်ပြီး ထိုမြို့နယ်များမှ တစ်မြို့နယ်လျှင် ကျေးရွာနှစ်ရွာအား မဲစနစ်ဖြင့် ရွေးချယ်ပြီး ထိုကျေးရွာများမှ တစ်ရွာလျှင် တောင်သူ ၄၀ဦးအား ထပ်မံမဲနှိုက်ရွေးချယ်ကာ မြန်မာနိုင်ငံ ဆန်စပါးလုပ် ငန်းအသင်းက ၂၀၁၂ နှစ်ဆန်းပိုင်း
တွင် စစ်တမ်းကောက်ယူခဲ့သည်။
“လူတစ်ဦးရဲ့ အစားအစာ (Food) ၊ ပညာရေးနဲ့ ကျန်းမာရေး တစ်လအသုံးစရိတ်က သုံးသောင်းကျပ်အောက်ရောက်နေရင် ဆင်းရဲမွဲတေမှုကို ခံစားနေရတယ် လို့ ၂၀၁၀ ( IHLC )ရဲ့ အစီရင်ခံစာ ကိုအခြေခံပြီးပြောတာပါ”ဟု သုတေသနလုပ်ငန်းတွင်ပါဝင်ခဲ့သူဒေါ်ဖြူစင်အောင်ကပြောသည်။ ကောက်ယူသောစစ်တမ်း အရတောင်သူမိသားစု တစ်စု၏ ပျမ်းမျှတစ်လအသုံးစရိတ်မှာ ကျပ်တစ်သိန်းတစ်သောင်းကျော်ရြှိ ပီး
ဆန်နှင့် အခြားအစားအစာ အသုံးစရိတ်မှာ ကျပ်ရှစ်သောင်း (၅၄
ရာခိုင်နှုန်းခန့်) ရှိကာ ပညာရေးအတွက်မှာ ဒုတိယအများဆုံးဖြစ်ပြီး ၂၀
ရာခိုင်နှုန်းခန့် ရှိသည်။
အဆိုပါစစ်တမ်း၏ တွေ့ရှိချက်အရ တောင်သူအများစုမှာ အိမ်ထောင်စုတစ်စုလျှင် မိသားစု ၀င်ငါးဦးမှ ရှစ်ဦးကြား နေထိုင်ကြ သည်ကိုတွေ့ရှိရကြောင်းလည်းဖော်ြ ပထား
သည်။ သို့သော် အစိုးရက တရား ၀င်ထုတ်ပြန်သောစာရင်းအရ မြန်မာနိုင်ငံတွင်
ဆင်းရဲမွဲတေမှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၆ ရာခိုင်နှုန်းသာရှိသည်။
“အဲဒီ့ စာရင်းက ကျေးလက်နဲ့ မြို့ပြနှစ်ခုစလုံးကို အခြေံခံပြီးတွက်ထားတာ။ ၂၆
ရာခိုင်နှုန်းဆိုတာ ကျွန်တော်တို့က ကျေးလက်ပဲကောက်ထားတာ။ နောက်ပြီး UN
အဖွဲ့တွေ ကောက်ထားတာက ၂၀၁၀ ခုနှစ်က၊ ကျွန်တော်တို့ က ၂၀၁၂
နှစ်ဆန်းပိုင်းမတူဘူး”ဟု မြန်မာနိုင်ငံဆန်စပါး သုတေသန တာဝန်ခံ
ဒေါက်တာစိုးထွန်းက ပြောသည်။
တောင်သူများမှာလည်း ၂၀၁၁ပဲရိတ်သိမ်းချိန်မှစ၍ ၂၀၁၂ မိုးစပါးရာသီထိ စိုက်ပျိုးသောသီး နှံများ ရာသီဥတုဒဏ်ခံခဲ့ရပြီး ယခုနှစ် မိုးစပါးပေါ်ချိန် စပါးနှင့် ပဲဈေး များစွာနိမ့်ကျနေပြီး တောင်သူများ အရှုံးပေါ်နေကြသည်။ အများစုမှာ အစိုးရဘဏ်ကြွေးပင် ပြန်ဆပ်နိုင်ခြင်းမရှိဘဲ ယခုနှစ်သင်္ကြန်ပြီးနောက်ပိုင်းတွ င်လယ်ယာမြေကို
စွန့်ခွာ၍ ထိုင်းနိုင်ငံသို့ သွားရောက်သူဦးရေ ပြန်လည်မြင့်တက်လာကြောင်း
သတင်းရရှိသည်။ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းသည် ကျေးလက်နေတောင်သူများ
၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး အခြေအနေနှင့်အကျိုးတူ
ပူးပေါင်းလယ်ယာလုပ်ငန်းဆောင် ရွက်မှုရလဒ်အား လေ့လာသိရှိရန် ယခု စစ်တမ်းအား
၂၀၁၁ ဒီဇင်ဘာလကုန်ပိုင်းမှ ၂၀၁၂ ဇန်န၀ါရီလ ဆန်းပိုင်းအထိ ကောက်ခံခဲ့သည်။
ရန်ကုန်၊ ဧပြီ - ၂၂
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသ
ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့နှင့် ရခိုင် ပြည်နယ်မှ မြို့နယ် ၄၆ မြို့နယ်အား ရွေးချယ်ပြီး ထိုမြို့နယ်များမှ တစ်မြို့နယ်လျှင် ကျေးရွာနှစ်ရွာအား မဲစနစ်ဖြင့် ရွေးချယ်ပြီး ထိုကျေးရွာများမှ တစ်ရွာလျှင် တောင်သူ ၄၀ဦးအား ထပ်မံမဲနှိုက်ရွေးချယ်ကာ မြန်မာနိုင်ငံ ဆန်စပါးလုပ် ငန်းအသင်းက ၂၀၁၂ နှစ်ဆန်းပိုင်း
တွင် စစ်တမ်းကောက်ယူခဲ့သည်။
“လူတစ်ဦးရဲ့ အစားအစာ (Food) ၊ ပညာရေးနဲ့ ကျန်းမာရေး တစ်လအသုံးစရိတ်က သုံးသောင်းကျပ်အောက်ရောက်နေရင် ဆင်းရဲမွဲတေမှုကို ခံစားနေရတယ် လို့ ၂၀၁၀ ( IHLC )ရဲ့ အစီရင်ခံစာ ကိုအခြေခံပြီးပြောတာပါ”ဟု သုတေသနလုပ်ငန်းတွင်ပါဝင်ခဲ့သူဒေ
အဆိုပါစစ်တမ်း၏ တွေ့ရှိချက်အရ တောင်သူအများစုမှာ အိမ်ထောင်စုတစ်စုလျှင် မိသားစု ၀င်ငါးဦးမှ ရှစ်ဦးကြား နေထိုင်ကြ သည်ကိုတွေ့ရှိရကြောင်းလည်းဖော်ြ
တောင်သူများမှာလည်း ၂၀၁၁ပဲရိတ်သိမ်းချိန်မှစ၍ ၂၀၁၂ မိုးစပါးရာသီထိ စိုက်ပျိုးသောသီး နှံများ ရာသီဥတုဒဏ်ခံခဲ့ရပြီး ယခုနှစ် မိုးစပါးပေါ်ချိန် စပါးနှင့် ပဲဈေး များစွာနိမ့်ကျနေပြီး တောင်သူများ အရှုံးပေါ်နေကြသည်။ အများစုမှာ အစိုးရဘဏ်ကြွေးပင် ပြန်ဆပ်နိုင်ခြင်းမရှိဘဲ ယခုနှစ်သင်္ကြန်ပြီးနောက်ပိုင်းတွ
စစ်တမ်းကောက်ယူရာတွင်
တိုင်းဒေသကြီးအလိုက်သက်ဆိုင်ရာမြို့နယ်များရှိ ကျေးရွာအုပ်စုများ၊
ကျေးရွာများမှ ကန်ထရိုက် လယ်ယာ လုပ်ကိုင်သူ တောင်သူ ၁၂၈၆ ဦးနှင့်
ကိုယ်ပိုင်သီးသန့် စိုက်ပျိုးလုပ်ကိုင်သူတောင်သူ ၂၁၈၆ ဦးတို့ကို
တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည် ။ လယ်သမားမိသားစု
များ၏ အိမ်ထောင်ဦးစီးများတွင် ၅၀ ဒသမ ၉
ရာခိုင်နှုန်းကျော်မှာ စာရေးနိုင်၊ ဖတ်နိုင်အဆင့် တွင်သာရှိကြောင်း
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ ကောက်ယူထားသည့် သုတေသနစာတမ်း တစ်ခုကဆိုသည်။ထိုကြောင့် အိမ်ထောင်ဦးစီးလယ်သမား ၅၀ ရာခိုင်နှုန်းကျော် စာရေး၊ စာဖတ်နိုင်ရုံ အဆင့်သာရှိဟု သိရှိရသည်။ 7 Day News