Saturday, April 28, 2012

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံး ဖွင့်ပွဲအခမ်းအနား


မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး ဖွင့်ပွဲအခမ်းအနားကို ဗဟန်းမြို့နယ် အင်းလျားမြိုင်လမ်း
အမှတ် ၄၅ ရှိ အဆိုပါရုံးခန်းတွင် ယနေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က ကျင်းပခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို ဥရောပသမဂ္ဂမှနိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ ကတ်သရင်း အဲရှ်တန် နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်း
ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။EMG