နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်
အတူ စုပေါင်းဒုလ္လဘရဟန်းခံ သိမ်တက်ပွဲ ကို ယခုလ( ၁၀ )ရက်နေ့ ညနေပိုင်း
နှင့် ( ၁၁ )ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း
သိရသည်။အဆိုပါပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံအရှေ့ပိုင်း မြို့နယ်ရှိ
တက္ကသီလာမဟာဇေယျ သိဒ္ဓိပဌာန်းကျောင်း၊ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်
ဦးကောဝိဒကိုအမှူးပြု၍ ကျင်းပသောပွဲဖြစ်သည်။ကျင်းပ မည့်နေရာမှာ ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ
တက္ကသီလာ မဟာဇေယျသိဒ္ဓိပဌာန်း ကျောင်း၊ ပရိယတ္တိစာသင်တိုက်တွင်
ကျင်းပမည်ဖြစ်ကြောင်း ၊ရှင်သာမဏေ၀တ်ခြင်း ကို ( ၁၀ ) ရက်နေ့ ညနေပိုင်း
တွင်ကျင်းပမည် ဖြစ်ပြီး ( ၁၁ )ရက်နေ့ နံနက် ၈နာရီ မိနစ် ၃၀ ခန့်တွင်
ရဟန်းခံခြင်းကိုစတင်မည်ဖြစ် သည်။
