ဧပြီလ ၁ ရက်နေ့ မှာ ကျရောက်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မြန်မာတနိုင်ငံလုံးရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ ဝင်များ မဲရုံးသို့  အင်အားပြ မဲဆွယ်မှုများပြုလုပ်ကြမည်ဟု
သိရှိရသည်။မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရရှိစေရန်နှင့်
(၁) ဥပဒေစိုးမိုးရေး (၂)ပြည်တွင်းငြိမ်းချမ်းရေး (၃)၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးတို့ အတွက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ကြိုးပမ်းမှုများကို ပြည်သူများထောက်ခံကြ၍ ရဲရဲဝင့်ဝင့်
တိုက်ပွဲဝင်မည်။ ကြံ့ ဖွတ်၏ ရွေးကောက်ပွဲ မတရားမှုများကို ပြည်သူများမဲရုံးတိုင်းတွင်
စောင့်ကြည့်၍ အင်အားပြကာ အမျိုးသားအရေးအတွက် ကာကွယ်ပြီး မတရားမှုများကို
ဖေါ်ထုတ်ကြမည်ဟု ပြည်သူများက ကြွေးကြော်နေကြသည်။