Monday, April 9, 2012

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ငြိမ်းချမ်းရေးဆွးနွေးရေးဆွေးနွေး

ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ခေါင်းဆောင် များသည် နယ်စပ်ဒေသသို့ မပြန်ခင် ရန်ကုန်မြို့  ရှစ်မိုင်လမ်းဆုံရှိ ရန်ကုန်စီးတီးဟိုတယ်တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွးနွေးရေး အဖွဲ့    ခေါင်းဆောင်ဦးအောင်သောင်း၊ဒုတိယခေါင်းဆောင် ဦးသိန်းဇော်နှင့်အဖွဲ့ တို့ နှင့် ယနေ့ညနေ ပိုင်းကတွေ့ ဆုံခဲ့သည်။

ထိုသို့ တွေ့ ဆုံရာတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယ ဥက္ကဌ  ဦးခိုင်စိုးနိုင်အောင်၊ကော်မတီဝင် ဦးခိုင်ထွန်းအောင်၊ဆက်ဆံရေးမှူး ဦးခိုင်ရဲလင်းနှင့် အဖွဲ့ ဝင်များတက်ရောက်ကြသည်။ “ ယခုတွဆေုံ့ပွဲ  ဟာ မိတ်ဆွေများကို ဂုဏ်ပြု နှုတ်ဆက်တဲ့ သဘောဖြစ်ပါတယ်။ ကျွန်တော်တို့  တိုင်းရင်းသား စည်းလုံးညီညွတ်မှု လိုချင်ပါတယ်။ ထာဝရငြိမ်းချမ်းရေး အဆင့်ရရှိအောင်  ကြိုးပမ်းသွားပါ့မယ်” ဟု ဦးအောင်သောင်း ကပြောသည်။ ထို့ အပြင် ဒုတိယ ခေါင်းဆောင်  ဦးသိန်းဇော်က လည်း ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး တံခါးသော့ကြီးပွင့်သွားပြီ   ဖြစ်ကြောင်း ပြောကြားခဲ့သည်။

                     ငြိမ်းချမ်းရေး အဖွဲ့ နှစ်ဖွဲ့ ခေါင်းဆောင်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီဒုတိယဥက်ကဋ်ဌ ဦးခိုင်စိုးနိုင်အောင် ကလည်း ပါတီစတင်တည်   ထောင်ခဲ့ပုံများ ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့မှုများနှင့် အခက်အခဲများ ကိုရှင်းလင်းတင်ပြသည်။    ထို့ နောက် နှစ်ဖက်အဆင်ပြေသည့် အချိန်တွင် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး  ဆွေနွေးပွဲများ စတင်ရန် ညှိုနှိုင်းဆွေနွေးခဲ့ကြပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ က ညစာဖြင့် တည်ခင်းဧည့်ခံသည်။

ညစာ သုံးဆောင်ပြီးနောက် အဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဒုခေါင်းဆောင် ဦးသိန်းဇော်တို့ က ရခိုင်ငြိမ်းချမ်းရေး  အဖွဲ့ ဝင်များအား လက်ဆောင်ပစ္စည်းများ အမှတ်တရ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ယခုတလော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတွင်  ငြိမ်းချမ်းရေးဆွးနွေးမှုများ ဆက်တိုက်ဆိုသလို   ဆောင်ရွက်နေကြသည်။