အမေရိကန်နိုင်ငံ၏ ထိပ်သီး General Electric (GE) ကုမ္ပဏီ ကမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။ GE ကုမ္ပဏီမှ ဒုတိယ ဥက္ကဌ Mr.John G.Rice
သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး သက်ဆိုင်ရာ အစိုးရဌာနများမှ အရာရှိကြီးများ စီးပွားရေး နယ်ပယ်မှ ပုဂ္ဂိုလ်များနှင့်တွေ့ ဆုံမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ်ဘာနိုင်ငံအတော်များများနှင့် အချိန်အတန်ကြာ အဆက်အသွယ်ပြတ်
နေခဲ့ပြီး ယခုကဲ့သို့  နိုင်ငံရေး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နေချိန်တွင် အရေးအကြီးဆုံးဖြစ်သည့် အခြေခံအဆောက်အဦနှင့် အရင်း အမြစ်များ ဖွံ့ ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ကူညီဖော်ထုတ် ဆောင်ရွက်နိုင်ရန် လာရောက်ခြင်းဖြစ်သည်ဟု သိရသည်။
‘‘ကျွန်တော်တို့  အနေနဲ့ မြန်မာနိုင်ငံဖွံ့ ဖြိုးတိုးတက်မှုအတွက် အကျိုးရှိရှိအကောင်ထည်ဖော်ပေး နိုင်ဖို့ အတွက် လက်ရှိမြန်မာနိုင်ငံရဲ့ မူဝါဒများ ပြုပြင်ပြောင်းလဲလာမှုဟာ အဓိကတွန်းအား ဖြစ်စေခဲ့ပါတယ်’’ ဟု Mr.Rice ကပြောကြားသည်။ GEASEAN မှ အမှုဆောင်အရာရှိချုပ် Mr.Stuart Dean မှလည်း ‘‘မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲမှုများ ၊နိုင်ငံတကာနှင့် ပိုမိုထိတွေ့  ဆက်ဆံလာမှုများအတွက် လေးစားဂုဏ်ယူ မိပါကြောင်း GE အနေဖြင့်လည်း မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများနှင့်အတူ GE ၏ ရှဆေ့က်မည့် လုပ်ငန်း အကောင်ထည်ဖော် နိုင်အောင် ဆက်လက် ကြိုပမ်း သွားမည်’’ ဖြစ်ကြောင်း သိရသည်။YMG