Saturday, March 31, 2012
Information members of NLD held meeting in Mingalar-Taung-Nyunt Township
မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဧပြီလ၁ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲ အတွက်
တာဝန်ပေးထားတဲ့ ရပ်ကွက် ပေါင်းစုံက ပြန်ကြားရေး အဖွဲ့ဝင်တွေ စုပေါင်းပြီး ညှိနှိုင်းဆွေးနွေးပွဲတစ်ခုကို
မတ်လ၂၉ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက်မှာရှိတဲ့ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
ပြန်ကြားရေးအဖွဲ့ဝင်တွေ အနေနဲ့ ဧပြီ လ ၁ ရက်နေ့မှာ ပြည်သူတွေ မဲပေးနေစဉ် သတင်းပေးပို့တဲ့အခါ
လုပ်ဆောင်ရမယ့် တာဝန်တွေနဲ့ ပတ်သက်တာတွေ ဆွေးနွေးသွားခဲ့ကြပြီး အဖွဲ့ဝင်တွေက လိုအပ်တာတွေကို
အကြံပြုခဲ့ကြကာ ရပ်ကွက်တစ်ခုချင်းစီမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ အာဏာပိုင်တွေရဲ့ နှောင့်ယှက်မှုတွေကို တင်ပြပြောဆိုခဲ့ကြပါတယ်။
Posted by
mya thein