Saturday, March 31, 2012

ကြိုတင်မဲ မသမာမှု မြို့နယ် ကော်မရှင်က အရေးယူဆောင်ရွက်မည်ဟု ဆို

မတ်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ် YPI

ကြိုတင်မဲ ပေးခွင့်စတင်သည့် ယနေ့ နံနက်ပိုင်းက မြန်အောင်မြို့နယ် ပနဲကွဲ ကျေးရွာအုပ်စု လန်ဒါ   ကျေးရွာမှ ကြိုတင်မဲယူစဉ် အသက် ၇၀ ၀န်းကျင်ရှိသည့် ဒေါ်သန်းညွန့်က ၎င်း အနေဖြင့် မဲလက်မှတ်    အား မခြစ်နိုင်သဖြင့် မဲရုံဝန်ထမ်း ကျောင်းဆရာမ ဒေါ်ညိုညိုဝင်းအား ဒေါ်စုပါတီ ခွပ်ဒေါင်းကို ခြစ်ခိုင်း
သော် လည်း ဒေါ်ညိုညိုဝင်းက ကြံခိုင်ရေးကို ခြစ်ပေးလိုက်ရာမှ ရွားသားများက မကျေနပ်ဖြစ်ကာ မြို့နယ် ကော်မရှင်သို့ တိုင်ကြားထားသည်ဟု သိရှိရသည်။

မြန်အောင်မြို့နယ် ကော်မရှင်က ဆက်လက်အရေးယူဆောင်ရွက်မည်ဟု ဆိုကြောင်း မြန်အောင်မြို့ခံ တဦးက YPI သို့ပြောသည်။

မြန်အောင်မြို့နယ်၌ ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၃ အုပ်စုတွင် မဲပေးခွင့်ရှိသူ တသိန်းခွဲ    ကျော်ရှိ၍ အန်အယ်လ်ဒီ၊ တစညနှင့် ကြံ့ခိုင်ရေးတို့မှ ကိုယ်စားလှယ်လောင်း ၃ ဦးပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်