15-3-2012
မန္တလေးမြို့သို့ တစ်နေ့လျှင် ရေဂါလန် ၂၄ သန်းခန့် အထိ ဖြန့်ဝေပေး လျက်ရှိပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (W.H.O) စစ်ဆေးချက် အရ အရည်အသွေး စံချိန် မီ ကောင်းမွန်၍ PH 7.4 ရှိကြောင်း မန်း မြို့ တ်ာဝန် က ဖေဖော်ဝါရီ ၁၇ ရက်က တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် တစ်ဦး ၏ မေးမြန်းချက် ကို ဖြေကြားသည်။
”၁၉၉၂ ခုနှစ်အတွင်း ကမ်းနား လမ်းတစ်လျှောက်တွင် အချင်း ၁၆ လက်မ စက်ရေတွင်း ၁၉ တွင်း တူးဖော်၍ အမှတ် (၁) ရေတွန်း စက်ရုံ မလွန်ရှိ ရေဓာတ်ခွဲ စမ်းသပ် ခန်းတွင်ရေနမူနာ၊ ရေ
အရည်အသွေး စမ်းသပ်မှု ပြုလုပ်ပြီး အရည် အသွေး ကောင်းမွန်မှသာ ရေဖြန့်ဝေခဲ့ ပါကြောင်း၊
နောက်ပိုင်း မြို့တိုးချဲ့ ခြင်း၊ လူဦးရေတိုး လာခြင်းကြောင့် စက်ရေတွင်း ၁၉ တွင်းနှင့် မလုံ လောက်
သဖြင့် စက်ရေတွင်း အသစ် ၁၇ တွင်း ၁၉၉၃ မှ ၂ဝ၁၁ အတွင်း တူးဖော်ခဲ့ကြောင်း ၄င်းက ပြောသည်။
”မတ်လရောက်ရင် ရေတင်လို့ မရတော့ဘူး။ မီးက မှန်ပေမယ့် ရေအခက်အခဲ တွေ့နေရတယ်။
ရေဝယ် သုံးနေရတယ်” ဟု မန်းမဟာ အောင်မြေ မြို့နယ် တွင်နေသူ တစ်ဦးက ဆိုသည်။နန်းရှေ့
ရေစစ်ကန်မှ ရေကို အသုံးပြု၍ တစ်နေ့လျှင် ရေဂါလန် ၁ ဒသမ ၅ သန်း ဖြန့်ဝေလျက် ရှိသည့် အမှတ် (၄) ရေတွန်းစက် ရုံတွင်လည်း အနည်ထိုင်ကန် စနစ်၊ အနှေးကျ သဲရေစစ် ကန်စနစ်နှင့် ရေသန့် သိုလှောင်ကန်တို့မှ ရေကို ကလိုရင်းဆေးခပ်ပြီး ဖြန့်ဖြူး ကြောင်း၊ မြို့လူထု သောက်သုံးရေ
လုံလောက်စေရန် အတွက်အကောင်အထည် ဖော် ဆောင်ရွက် လျက် ရှိသော ဧရာဝတီမြစ်ရေကို
ရယူ၍ တစ်နေ့ ရေဂါလန် ၁ဝ သန်း ဖြန့်ဖြူးပေးနိုင်မည့် အမှတ် (၈) ရေတွန်းစက်ရုံ တည်ဆောက်ရေး စီမံ ကိန်းနှင့် ကျုံးရေပေးရေး စီမံကိန်း ပြီးစီးချိန် မှစ၍ ရေဖြန့်ဝေပေးလျက် ရှိရာ ၅၇-လမ်း၊ ၂၂ လမ်း ထိပ်ရှိ ကျုံး ရေသွင်းမြောင်း အစမှ ၆၆ လမ်း ကျုံးအဝင် အထိ သံဆန်ခါ တပ်ခြင်း၊ ကျုံးတွင်း
မှော်အမှိုက်များ စက်အား၊ လူအားဖြင့် ဆယ်ယူ သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော သန့်ရှင်းသည့်သောက် သုံးရေအဖြစ် ဖြန့်ဝေပေး နေကြောင်း မြို့တော်ဝန်က ဆိုသည်။Pophular Journal