15-3-2012
ယာဉ်/လမ်းစည်းကမ်း ဥပဒေအရ ယာဉ်လုပ်သားများအပေါ် ပြင်းထန်စွာအရေးယူခြင်းကိုပြုပြင်ပြောင်း လဲရန် လိုအပ်ကြောင်း မထသ(ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါပုဂ္ဂိုလ် က ”ကျွန်တော့် အနေနဲ့ ပြောရရင် ယာဉ်လုပ်သားတွေအတွက် ဥပဒေထုတ်ပြန်တာ။ လုပ်ဆောင်ချက်တွေ ဟာသူတို့ကို ရိုင်းသထက်ရိုင်းအောင် ပြုလုပ်နေ တာနဲ့ တူပါတယ်။ ခေတ်စနစ်အရ ပြုပြင်ပြောင်းလဲမှုတွေ
လုပ်နေကြတဲ့ အခါ ပို့ဆောင်ရေးကဏ္ဍပြုပြင် ပြောင်းလဲဖို့အတွက်ဆို နည်းစနစ်မှန်
ကန်ဖို့လိုအပ် ပါတယ်။ ပြင်းထန်တဲ့ ဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို
ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်” ဟု မတ် ၁၂ ရက်တွင် ပြောသည်။