Saturday, March 24, 2012

ရွှေညဝါဆရာတော် ဦးစီးပြီး ဗုဒ္ဓဓမ္မ ယဉ်ကျေးမှုနှင့် အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းအောင်ပွဲ

ရွှေညဝါဆရာတော် ဦးစီးပြီး ဗုဒ္ဓဓမ္မ ယဉ်ကျေးမှုနှင့် အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းအောင်ပွဲကို ရွှေည၀ါတောရကျောင်း (သင်တောရိုး) မှော်ဘီမှာ မတ်လ ၂၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုမင်းဇေယျာတို့နဲ့အတူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူဖြစ်တဲ့ မစုစုနွေး၊ ရွှေမင်းသားဖောင်ဒေးရှင်းမှ ဦးမြတ်သူဝင်း စတဲ့ ဒကာ၊ ဒကာမတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အပါအဝင် သင်တန်းဆင်းကလေးငယ် အားလုံး စုစုပေါင်း အယောက် (၂၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီအခမ်းအနားကို မနက် (၁၀) နာရီကနေ စတင်ခဲ့ပြီး ဗုဒ္ဓဓမ္မ ယဉ်ကျေးမှုနှင့် အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းအောင်ပွဲမှ ထူးချွန်ကလေးငယ် (၂၁) ဦးကိုလည်း ဆုတွေ ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။