Saturday, March 24, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတ်လ(၂၂)ရက်နေ့က ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူလူထုတွေကို "လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဟာ အစိုးရကို ပြောင်းလဲရေးအတွက် လုပ်နေတဲ့ ရွေးကောက်ပွဲမဟုတ်ပဲဒီမိုကရေစီသဘောအရ အစိုးရလုပ်သူတွေရဲ့ လုပ်ရပ်တွေကို သေသေချာချာလေ့လာပြီးတော့ ထောက်ပြသင့်တာတွေ ကို ထောက်ပြဖို့ဆိုတာ ဒီမိုကရေစီနိုင်ငံရေးပါတီတွေရဲ့တာဝန်ဖြစ်ပြီး အဲ့ဒီတာဝန်တွေကို ကျေပွန်အောင်လုပ်ဆောင်သွားမည်"ဖြစ်ကြောင်း သူမ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် ကော့မှူးမြို့နယ် အတွင်း ပထမဆုံး မဲဆွယ် စည်းရုံးရေးဟောပြောပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။