skip to main |
skip to sidebar
၂၀၁၂-၃-၂၄
လာမည့်ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်ပရောက်ရှိနေသော မြန်မာများထဲမှ မဲစာရင်းတွင် ပါဝင်သူ ၅၉၇ ဦး ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။ ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေများအရ ပြည်ပရောက်မဲဆန္ဒရှင်များမှာ၎င်းင်းတို့ရောက်ရှိနေသော နိုင်ငံရှိမြန်မာသံရုံးတွင် ကြိုတင်မဲပေးရမည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲကို မြို့နယ် ၅၉ မြို့နယ်၌ ကျင်းပမည်ဖြစ်ရာ မဲစာရင်းတွင် ၄၅ မြို့နယ်မှ ပြည်ပသို့ အစိုးရခွင့်ပြုချက်ဖြင့် သွားရောက်လုပ်ကိုင်နေသူများ ပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဥပဒေအရ ပြည်ပရောက်နိုင်ငံသားများမှ မဲပေးခွင့်ရမည့်သူများမှာ ပြည်ထောင်စုအစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြည်ပရောက်ရှိနေသော နိုင်ငံသားများသာ မဲပေးခွင့်ရှိသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်း၌ ပါဝင်သူများမှာ အစိုးရ၏ခွင့်ပြုချက်ဖြင့် ပြည်ပသို့သွားရောက်လုပ်ကိုင်သူများထဲမှ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုစုပေးထားသော စာရင်း၌ပါဝင်ပြီး လက်လှမ်းမီသမျှဆက်သွယ်၍ရရှိသူများဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်ပရောက်ရှိနေသော မဲဆန္ဒရှင်များမှာကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးရန် ကြိုတင်မဲပေးခွင့်တောင်းခံလွှာ(ပုံစံ-၁၅) ဖြင့် ၎င်းင်းတို့နေထိုင်ခဲ့ရာမြို့နယ်ကော်မရှင် ရုံးများသို့ လျှောက်ထားရပြီး သက်ဆိုင်ရာမဲဆန္ဒနယ်တွင် ၎င်းင်းတို့၏ အမည်စာရင်းပါဝင်ပါက ၎င်းင်းတို့အတွက် မဲလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာမြန်မာသံရုံးမှတစ် ဆင့် ရွေးကောက်ပွဲဥပဒေများအတိုင်း ပေးပို့ခြင်းဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြ သည်။
ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်အတွင်း နေထိုင်သူဖြစ်ပြီး၊ အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြည်ပရောက်ရှိနေသူဖြစ်သော်လည်းမဲစာရင်း၌မပါလျှင် ပုံစံ(၁၅) ပြန်လည်လျှောက်ထားပြီး မဲစာရင်းဝင်ရန်ဆောင်ရွက်ရန်မှာ မမီနိုင်တော့ကြောင်းလည်း သတင်းရရှိသည်။ သို့သော် ကြားဖြတ်ရွေးကောက်ပွဲတွင် မည်သို့မဲပေးရမည်ကို အလုပ်သမားအများစုက မသိကြသေးကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာပြည်သား အရေးပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌဦးမိုးကြိုးက ပြောသည်။
"အလုပ်သမား အများစုက သူတို့ကိုယ်သူတို့ မဲထည့်ခွင့်ရှိသူ တွေဆိုတာတောင် မသိကြဘူး၊ တချို့ဆိုရင်ဒီမှာလာနေတာ နှစ်နဲ့ ချီနေပြီ။ မြန်မာပြည်ကို အလည်လောက်ပဲ ပြန်ကြတော့တာ" ဟု သူက ပြောသည်။ ထိုင်းနိုင်ငံသို့ ၂၀၀၄ ခုနှစ်ကတည်းက သွားရောက်အလုပ်လုပ်ကိုင်နေသည့် ကိုစိုင်းစံမြင့်ကလည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့မဲပေးရမည်ဆိုသည့် သတင်းအချက် အလက်ကို (သံရုံးက တစ်ဆင့်ထုတ်ပြန်ခြင်းကြောင့် ဖြစ်စေ၊ အချင်းချင်းသတင်း ဖလှယ်၍ဖြစ်စေ) မရရှိသေးကြောင်း ပြောသည်။ "ရွေးကောက်ပွဲရှိတာကို သိ တယ်။ မဲထည့်ဖို့လည်းဆန္ဒရှိတယ်။ ကျွန်တော်ကြိုက်တဲ့ပါတီလည်း ရှိတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သံရုံးကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှထုတ်ပြန်ထားတာမရှိသေးပါဘူး"ဟု ပြောသည်။