Thursday, March 29, 2012

မြန်မာ လူငယ်တွေ အလုပ်သမားသမဂ္ဂနဲ့  လူမှု့ အဖွဲ့ အစည်းတွေ တရားဝင်ဖွဲ့ စည်းမည်

 ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂနဲ့ ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂ
 ဖွဲ့စည်းခြင်း မိတ်ဆက်ပွဲ အခမ်းအနားတစ်ခုကို ရွှေပြည်သာမြို့နယ် ပန်းခြံ (၇) စိန်စည်ဂုဏ်
ရောင်လမ်းမှာ ရှိတဲ့ ကျော်ဟိန်းလက်ဖက်ရည်ဆိုင်မှာ မတ်လ (၂၇) ရက်နေ့က ကျင်းပပြုလုပ်
ခဲ့ပါတယ်။ ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂ္ဂကို Excel garment ၊ Popular နဲ့
Ever First အထည်ချုပ်စက်ရုံတွေမှ အလုပ်သမားတွေ စုပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
 မြန်မာနိုင်ငံအတွင်းမှ မြန်မာ့လူငယ်တွေဟာ အာဏာရှင်စနစ် နောက်ကြောင်းမပြန်နိုင်အောင်
ဒီမိုကရေစီအရ လူမှုအဖွဲ့ အစည်းတွေကို မြန်မာနိုင်ငံတ၀ှမ်း နည်းမျိုးစုံနဲ့  ဖွဲ့ စည်းလာနေကာ
ဒီမိုကရေစီ ကွန်ယက်အဖွဲ့ တွေကို စနစ်တကျတည်ဆောက်နေကြတာဖြစ်ပါတယ်။အနာဂတ်
မှာ လူငယ်တွေရဲ ရဲရင့်မြင့်မြတ်တဲ့ စိတ်ဓါတ်တွေနဲ့  လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ
နိုင်ငံတော်သစ်ဆီသို့  အမြန်ဆုံးအရောက်လှမ်း နေကြတာတွေ့ မြင်နေကြရပါတယ်။