Thursday, March 29, 2012

NLD လှည်းကူးမြို့နယ် လူထုအစည်းအဝေး


NLD လှည်းကူးမြို့နယ် လူထုအစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒ ၃ ရပ်နဲ့ပတ်သက်လို့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေသခံ ပြည်သူတွေ မက်လ ၂၇ ရက်နေ့က လူထုစည်းဝေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တရားဥပဒေစိုးမိုးရေး ၊ ပြည်တွင်းငြိမ်း ချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို တစ်ချက်ခြင်းစီအလိုက် အဆိုတင်သွင်းခြင်းထောက်ခံခြင်း များပြုလုပ်ခဲ့ကြတာပါ။ တဆက်ထဲမှာလည်း ထောင်နဲ့ချီတက်ရောက်လာတဲ့ လှည်းကူးမြို့နယ် ၊ တိုက်ကြီးမြို့နယ် မှော်ဘီမြို့နယ်က ပြည်သူလူထုကို ဦးဖြိုးမင်းသိန်းက မဲဆွယ်စည်းရုံးရေး မိန့်ခွန်းပြောခဲ့ ပါတယ်။