၂၀၁၂-၃-၂၅
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတင်ရသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယနေ့ညနေပိုင်း မြိတ်မြို့မှ ပြန်ရောက်လာပြီးနောက် နေအိမ်
တွင်ပင် အနားယူနေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေး လိုက်ပါလျှက်ရှိသူ တဦးက ၀ိုင်ပီအိုင်သို့ အတည်ပြုပြောဆိုသည်။ မြိတ်ခရီးစဉ် အတွင်း လှိုင်းမူးပြီး ဒေါက်တာ တင်မျိုးဝင်းမှ ကျန်းမာရေးအရ အနားယူရန်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကို ချစ်ခင်လေးစားကြသော ပြည်သူများနှင့်
ကမ္ဘာကပါ စိုးရိမ်ပူပန်နေကြသည်ဟုသိရှိရသည်။လက်ရှိအခြေအနေအရ အနားနေပြီး ပြန်လည်
သက်သာလာပြီဟု သိရှိရသည်။ ကျန်ရှိနေသော ခရီစဉ်များ ရပ်နားခဲ့ရသည်။