အတိတ်က
စစ်အစိုးရ အဆက်ဆက်သည် တိုင်းပြည်ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
မရှိပဲ နှစ်ပေါင်း ( ၂၀ ) ကျော် အုပ်ချုပ်ခဲ့သဖြင့် တော်တော်
တော်ပါသည်ဟုချီးမွမ်းရမလိုလို ၊တော်တာတွေ တော်ပါတော့ဟု တားရမလိုလို
ဖြစ်ခဲ့ပြီး စစ်ခေါင်းဆောင်များက မကောင်းတဲ့ဖက်မှာ တော်တာကို ကမ္ဘာက
အသိအမှတ်ပြုခဲ့သည် ။
ယခင်စစ်အစိုးရ
အဆက်ဆက်နှင့် လက်ရှိဦးသိန်းစိန်အစိုးရကို နှိုင်းယှဉ်ကာ မှန်မှန်ကန်ကန်
သုံးသပ်ကြည့်လျှင် ထင်ထင်ရှားရှားတွေ့ ရမည်မှာ( ၈၈၈၈
)အာဏာသိမ်းစစ်အစိုးရမှသည် စစ်အစိုးရအဆက်ဆက်သည် တဖက်သတ်ရေးဆွဲသော၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးသည့်အချိန်ထိ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိပဲ စစ်အုပ်စုမှ တိုင်းပြည်ကို
ထင်ရာစိုင်းအုပ်ချုပ်ခဲ့သည်ကို တွေ့ရပေမည် ။
တိုင်းပြည်၏
အချုပ်အခြာအာဏာ ( ၃ ) ရပ်ဖြစ်သော ဥပဒေပြုမှုအာဏာ ၊ တရားစီရင်မှုအာဏာ
၊အုပ်ချုပ်မှုအာဏာ အရပ်ရပ်သည် အဖက်ဖက်တွင် ယိုယွင်းပျက်ဆီးလျက် ဖောက်ပြန်ခြစားမှုများ တောင်လိုပုံကာ နိုင်ငံနှင့် လူမျိုးမှာ ကမ္ဘာ့အလယ် အဖတ်ဆည်မရအောင် သိက္ခာကျလျက် ဆင်းရဲခြင်း စံချိန်တင်ခဲ့ပေသည် ။
၊အုပ်ချုပ်မှုအာဏာ အရပ်ရပ်သည် အဖက်ဖက်တွင် ယိုယွင်းပျက်ဆီးလျက် ဖောက်ပြန်ခြစားမှုများ တောင်လိုပုံကာ နိုင်ငံနှင့် လူမျိုးမှာ ကမ္ဘာ့အလယ် အဖတ်ဆည်မရအောင် သိက္ခာကျလျက် ဆင်းရဲခြင်း စံချိန်တင်ခဲ့ပေသည် ။
စစ်အစိုးရ၏
ဖိနှိပ်ဖောက်ပြန်သည့် ယင်းအဖြစ်အပျက်များကို တိုင်းချစ်ပြည်ချစ်
မျိုးချစ်စိတ်ရှိသူများက မခံမရပ်နိုင်သည့်အဆုံး
ရသည့်နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ပုန်ကန်မှုများဖြစ်ခဲ့ေ ပရာ တိုင်းပြည်သည်နိုင်ငံရေး မတည်မငြိမ်ဖြစ်ကာ ငြိမ်းချမ်းရေး ပျောက်ဆုံးခဲ့ရပေသည် ။
တရားမျှတသော
ဥပဒေများမရှိခြင်းကြောင့် စစ်အစိုးရအုပ်စုတွင်း၌ပင်
အာဏာလုမှုများရှိခဲ့ပြီး အင်အားကြီးသူမှအင်အားနည်းသူကို
ဖမ်းဆီးထောင်ချမှုများရှိခဲ့ေ ပသည်။ အာဏာနှင့်ရာထူးသည်ပင် မမြဲသော အနိစ္စ
သင်္ခါရသဘောကို ဆောင်လျက် နေ့မြင် ညပျောက် ဖြစ်နေမှုကား စဉ်းစားဆင်ခြင်စရာ
တရားသဘောတွေပါ မြန်မာ့နိုင်ငံရေးလောကတွင် ကပ်ပါလာရပေသည်။
ကမ္ဘာ့နိုင်ငံရေး
ဇာတ်ခုံပေါ်တွင် ကြည့်ပါကလည်း မြန်မာပြည်၏ နှစ်ပေါင်း ( ၆၀ ) ကျော် ရေရှည်
ပြည်တွင်းစစ်တွင် အချင်းချင်းစစ်ခင်းနေမှုက ဘယ်ရှုထောင့်ကကြည့်ကြည့်
ဂုဏ်ယူစရာ တစ်ချက်မှမရှိပဲ ပြဿနာကို မဖြေရှင်းနိုင်သည့်
မြန်မာလူမျိုးစုတစ်ရပ်လုံး ဦးနှောက် အသိဥာဏ်နည်းပါးရာရောက်နေပေသည် ။
နှစ်ပေါင်းများစွာ
မှားယွင်းသောစနစ်အောက်မှာ ကပ်ပါလာသော ခါးသီးသည့်အတွေ့အကြုံများက အစိုးရ ၊
အတိုက်အခံ ၊နိုင်ငံတကာ အရာရာကို မယုံသင်္ကာစိတ်များဖြင့် လူထုမှ ချဉ်းကပ်
အကဲဖြတ်ခဲ့ပေသည်။အတိတ်ကာလတွင် အတိုက်မခံ ဒီမိုကရေစီအင်အားစုသည်
ယုံကြည်မှုကို စစ်အစိုးရနှင့်တည်ဆောက်ခဲ့ပေမဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး
နှင့်
စစ်မှန်သောပြည်တွင်းငြိမ်းချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေး
အဖြေရှာရေးအစား လူထုက တန်ဖိုးထားလေးစားသော လူထုခေါင်းဆောင် ၊
တိုင်းရင်းသားခေါင်းဆောင် ၊ ကျောင်းသားခေါင်းဆောင်၊ ရဟန်းသံဃာ ခေါင်းဆောင်
စသော ခေါင်းဆောင်အသီးသီးတို့ မတရားဖမ်းဆီး ထိမ်းသိမ်းခံ ခဲ့သည်မှာ
အများအသိပင်ဖြစ်သည် ။
စစ်မှန်သော
ငြိမ်းချမ်းရေးဆိုသည်မှာ အသံများတိတ်နေခြင်းဟု စစ်အစိုးရဖက်မှ တဖက်သတ်
ဆုံးဖြတ် သုံးသပ်ကာ လူထုကိုဖိနှိပ်ခဲ့ပေသည် ။ သို့သော်
လက်ရှိဦးသိန်းစိန်အစိုးရမှ အတိတ်က မှားယွင်းသော
သမိုင်းသင်္ခန်းစာများကိုယူကာ ပြုပြင်ပြောင်းလဲခြင်းကို စတင်လုပ်ဆောင်ခဲ့ပေရာ
လူထုခေါင်းဆောင်အသီးသီး ဖမ်းဆီးထိမ်းသိမ်းခံရာမှ
လွတ်မြောက်လာရာ မြန်မာပြည်၏ စစ်အမှောင်ဖုံးကောင်းကင်မှာ လမင်းနဲ့အတူ
ကြယ်စင်များ ရုန်းထွက်လင်းလက်လာရပေသည်။
သို့သော်
ပြည်တွင်းစစ်မီးနှင့်အတူ အကျဉ်းထောင်အသီးသီး၌ ဘ၀တူ နိုင်ငံရေး
အကျဉ်းသားများ ဆက်လက်ရှိနေပေရာ အာရုဏ်ဦးကိုရောက်ဖို့ရာ အမှောင်ဆုံး
သန်းခေါင်ညအား လွန်မြောက်ဖို့ရန် လူထုတရပ်လုံး အားကြိုးမာန်တက် တက်ညီလက်ညီ
အားထုတ်ရပေမည် ။
အမှောင်ဖုံးသော စစ်အာဏာရှင် စနစ်အထဲမှ ထွက်ပေါက်တစ်ခုအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် လည်း
တစ်ခုအပါအ၀င်ဖြစ်ပေရာ အစိုးရ ၊အတိုက်အခံ ပါတီတို့သည် ဒီမိုကရေစီကျင့်စဉ်အရ
ရွေးကောက်ပွဲအတွက် လူထုအား အပြိုင်အဆိုင် စည်းရုံးနေကြသည်ကို တွေ့ရပေမည် ။
တိုင်းပြည်နှင့်လူထုကောင်းစားေ ရးကို
ဦးထိပ်ထားလျက် ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊
လွတ်လပ်မှု ၊ တရားမျှတမှုများ မြန်မာ့မြေပေါ် ပြန်လည်သက်ဝင် ရှင်သန်စေရေးအတွက်
လူထုအား မမောမပမ်း အားသွန်ခွန်စိုက် စည်းရုံးနေသော မြန်မာ့ဒီမိုကရေစီ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တလင်းမြေမှ
ငြိမ်းချမ်းရေးအမေ လို လူထုတရပ်လုံးအတွက် လမင်းကြီးနှင့်အလားသဏ္ဍာန်တူလှေ ပသည် ။
အာဏာနှင့်ရာထူးအစား တိုင်းပြည်နှင့် လူထုကောင်းစားရေးကို လိုလားသော ( ၈၈၈၈ )မျိုးဆက်ကျောင်းသားခေါင်းဆောင် များ၏ ရွေးကောက်ပွဲစောင့်ကြည့်ရေးကွန် ယက်သည်ပင်
လိုအပ်ချက် ကွက်လပ်တစ်ခုကို ဖြည့်လျက် နှစ်ပေါင်းများစွာ နား
မျက်စိပိတ်ခံထားရသော လူထုအား တစုံတရာ ခွန်အားဖြစ်စေပေသည် ။ ယခုအချိန်တွင်
လူမှုရေးလုပ်ငန်းများကို သာ
အားသွန်ခွန်စိုက်လုပ်ဆောင်နေသော ( ၈၈၈၈ )မျိုးဆက်ကျောင်းသားခေါင်းဆောင် များသည်ပင်
ကောင်းမွန်သောမြန်မာ့ နိုင်ငံရေး အခင်းအကျဉ်း အနာဂတ်တွင်ရှိလာပါက နောင်(
၁၀ )နှစ်အကြာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကမှ အသက်အရွယ်ကြောင့်
အနားယူသွားခဲ့သော် တိုင်းပြည်အနာဂတ်တာဝန်များကို ပခုံးပြောင်းယူရန်လည်း
ပြင်ဆင်ထားရပေဦးမည် ။
ဆိုးဝါးလှသော
စနစ်အောက်မှာ နှစ်ပေါင်းပျားစွာ လူမှုဒုက္ခမျိုးစုံကို
ခါးစည်းခံနေရသောလုထုအား ဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရန် ဘက်ပေါင်းစုံမှ
ကြိုးစားအားထုတ်နေကြသော ကိုမင်းကိုနိုင်ဦးဆောင်သော
( ၈၈၈၈
)မျိုးဆက်ကျောင်းသားခေါင်းဆောင် များ ၊ ပြည်သူချစ်သော အနုပညာရှင် ကိုကျော်သူ ၊ ကိုဇာဂနာ စသော အနုပညာရှင်များ ၊ အလုပ်သမား
၊လယ်သမားအရေးကိုဆောင်ရွက်နေသော မစုစုနွေး ၊ ကိုဖိုးဖြူတို့သည် အမှောင်ဖုံးကောင်းကင်မှ လင်းလက်တဲ့ ကြယ်စင်များဟု တင်စားမိပါသည် ။
လာမည့်
ဧပြီလ ( ၁ ) ၂၀၁၂ မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည်
မြန်မာ့ဒီမိုကရေစီ အရေးအတွက် မြေစမ်း ခရမ်းပျိုး ၊တာထွက်ကောင်းရမည့်
ပထမခြေလှမ်းဖြစ်သည်မို့ အားလုံးမှ အလေးအနက်ထား စောင့်ကြည့်နေကြပေသည် ။
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာ မြန်မာ့နိုင်ငံရေး
အခင်းအကျဉ်းသည် အတိတ်ကလို ရှေ့မတိုးသာ နောက်မဆုတ်သာ
အခြေအနေမှ လွန်မြောက်နိုင်ပေမည် ဖြစ်သည် ။
သို့မှသာ
အစိုးရနှင့် အတိုက်အခံကြား တူတာတွဲလုပ် မတူတာညှိနှိုင်းအဖြေရှာရင်း
တိုင်းပြည်ကို နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးဖက်ပေါင်းစုံမှ
မြင့်မားတိုးတက်အောင်ဆောင်ရွက် ရင်း မြန်မာတမျိုးသားလုံး သိက္ခာရှိရှိ ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်မည် ဖြစ်သည် ။
အကယ်၍သာ
လက်ရှိအစိုးရသည် ဂငယ်ကွေ့ကာ နောက်ကြောင်းပြန်မလှည့်သော် အစိုးရနှင့်
အတိုက်အခံပါတီများသည် လာမည့် ရွေးကောက်ပွဲဖြစ်သော ၂၀၁၅ အတွက် အနာဂတ်ရေးရာ
ဒီမိုကရေစီရေးအတွက် ကောင်းမွန်သော မူဝါဒများချမှတ်ပြီး
ကြိုတင်ပြင်ဆင်မှုများကိုလည်း တိုင်းပြည်နှင့်လူမျိုးအတွက်
လုပ်ဆောင်မှုများပြုလုပ်ရင်း စစ်အမှောင်ဖုံးကောင်းကင်မှာ
လမင်းနဲ့အတူ ကြယ်စင်များ ရုန်းထွက်လင်းလက်နိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ပါသည် ။
အောင်ခိုင်မြင့်
၂၅ မတ်လ ၂၀၁၂