Monday, March 26, 2012

မဏ္ဍိုင်ကြီးလေးရပ်၏ ပြောင်းလဲတိုးတက်မှု အခြေအနေ၌ တရားစီရင်ရေး မဏ္ဍိုင်သည် အနှေးကွေးဆုံး ဖြစ်နေသည်

မြန်မာနိုင်ငံတွင် လာမည့် မတ် လ ၃၀ ရက်နေ့၌ တစ်နှစ်ပြည့်ပြီဖြစ် သော နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရသစ်၏ တစ်နှစ်တာကာလ အတွင်း မဏ္ဍိုင်ကြီးလေးရပ်၏ ပြောင်းလဲတိုးတက်မှု အခြေအနေ၌ တရားစီရင်ရေးမဏ္ဍိုင် သည် အနှေးကွေးဆုံး ဖြစ်နေသည်ဟု Eleven Media Group ၏ စစ်တမ်းက ဖော်ပြနေပြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရှင်များကလည်း အလားတူ သုံးသပ် ခဲ့ကြသည်။

မတ်လ ၃၀ ရက်နေ့တွင် တစ်နှစ်ပြည့်ပြီဖြစ်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရသစ်၏ တစ်နှစ်တာ ကာလအတွင်း မဏ္ဍိုင်ကြီး လေးရပ်အနက် မည်သည့်မဏ္ဍိုင်ကို ပြုပြင်ပြောင်းလဲမှု အနှေးကွေးဆုံးဟု သင်ထင်မြင်ယူဆ ပါသနည်း ဆိုသော စစ်တမ်းတစ်ခုကို Eleven Media Group က ၎င်း၏ ၀က်ဘ်ဆိုက်တွင် မတ်လ ၁၈ ရက်နေ့ က စတင် ကောက်ယူခဲ့ရာ မတ်လ ၂၄ ရက်နေ့အထိ ဖြေဆိုသူ ၃၁၃၄ ရှိခဲ့သည့် အနက် တရားစီရင်ရေး မဏ္ဍိုင်သည် ပြုပြင်ပြောင်းလဲမှု အနှေးကွေးဆုံးဖြစ်သည် ဟု ၁၃၄၁ ဦး(၄၂ဒသမ၈ ရာခိုင်နှုန်း) က ဆန္ဒပြုခဲ့ကြသည်ကို တွေ့ရသည်။

 Eleven Media Group ၏ စစ်တမ်း