Friday, March 23, 2012

ပြည်သူချစ်သော အမျိုးသမီးအမတ်လောင်းတွေ ကြားဖြတ်ရွေးကောက်ပွဲမှာ ပေါ်ထွန်းလာမှ အမျိုးသမီးအရေး ဆောင်ရွက်နိုင်လိမ့်မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မင်္ဂလာတောင်ညွန့် မြို့ နယ် အမတ်လောင်း ဒေါ်ဖြူဖြူသင်းသည်
ယနေ့  မင်္ဂလာတောင်ညွန့် မြို့ နယ်အတွင်း စည်းရုံးရေးဆင်းခဲ့ရာ ပြည်သူများက လှိုက်လှိုက်လှဲလှဲ
ကြိုဆိုကြပြီး ပြည်သူများမှရွေးချယ်တင်မြောက်ခဲ့ရင် ဥပဒေစိုးမိုးရေးကို ကြိုးစားဆောင်ရွက်မည်ဟု
ပြောကြားခဲ့သည်။ရိုးသားဖြူစင်ပြီး ကြင်နာစာနာတတ်သူ တဦးအဖြစ်ထင်ရှားပြီး AIDS ရောဂါသည်
များကိုလည်း စောင့်ရှောက်ကူညီခဲ့သည်။မင်္ဂလာတောင်ညွန့် မြို့ နယ်တွင် လူအကြိုက်အများဆုံးသော
အမတ်လောင်းဖြစ်သည်ဟု မြို့ ခံများက ပြောဆိုနေကြသည်။