Thursday, February 23, 2012

ဒေါ်အောင်ဆန်းစုကြည်အား မြစ်ကြီးနား လေဆိပ်တွင်
ကြိုဆိုနေကြပြီ



ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၂၊ နံနက် ၉နာရီခွဲ (YPi)

ယနေ့နေ့လည် မြစ်ကြီးနားမြို့သို့ ဆိုက်ရောက်လာမည့် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား လေဆိပ်တွင် ကြိုဆိုရန် အန်အယ်လ်ဒီပါတီဝင်များနှင့် ကျောင်းသား စုစုပေါင်း ၂၀၀ ကျော် ၃၀၀ နီးပါး လေဆိပ်တွင် ရောက်ရှိနေကြပြီဟု မြစ်ကြီးနား          သတင်းထောက်မှ သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသည့် လေယာဉ်သည် မြစ်ကြီးနားသို့ နေ့လည် ၁၂ နာရီဝန်းကျင် ဆိုက်ရောက်လာမည်ဟု           လောလောဆယ် သိရှိရသည်။

မြစ်ကြီးနား ဂျီတီစီနှင့် ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသားများ ဖားကန့်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင်များလည်း လာရောက်ကြိုဆိုလျှက်ရှိသည်ကို တွေ့ရသည်။