Thursday, February 23, 2012

တရုတ် နိုင်ငံသားပိုင် တိုင်ရီ ဖိနပ်စက်ရုံကို အလုပ်သမားများ လစာတိုးမြှင့်ပေးရေး ဆန္ဒပြနေဆဲ


23-2-2012
တရုတ် နိုင်ငံသားပိုင် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ညှိနှိုင်းမှု
 အဆင်မပြေသဖြင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ညှိနှိုင်း ဖျန်ဖြေပေးသော ဝါဏိဇ္ဇ ပဋိပက္ခ
 ကော်မတီသို့ တင်ပြပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား အရေးကို ဦးဆောင်သူ ရှေ့နေ ဦးဖိုးဖြူက ပြောကြားသည်။

ယင်းစက်ရုံမှ အလုပ်သမား ၁၈၀၀ ကျော်က လိုအပ်ချက်များ နှစ်ပတ်ကျော် အကြာ ဆက်တိုက် တောင်းဆိုခဲ့ သော်လည်း ရက်မှန်ကြေးကို ၁၀၀၀ ကျပ်သာ တိုးမြှင့်ပေးခြင်း၊ တစ်နာရီ လုပ်အားခကို ၇၅ ကျပ်မှ ၁၀၀ ကျပ် အထိသာ တိုးမြှင့်ပေးခြင်း တို့ကြောင့် ထိုသို့ တင်ပြရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

(ဓါတ်ပုံ - ဖေဖော်ဝါရီလ ၂၂ ရက်နေ့ (ယနေ့) နံနက်ပိုင်းက တွေ့ရသော တိုင်ရီ ဖိနပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများ)