Thursday, February 23, 2012

သိမ်ကြီးဈေး B ရုံ အရှေ့၌ ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်


ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀း၂၀ မိနစ် အချိန်က ပန်းဘဲတန်းမြို့နယ် ၂၆ လမ်းနှင့် မဟာဗန္ဓုလလမ်း ထောင့်ရှိ သိမ်ကြီးဈေး B ရုံ အရှေ့၌ မြေအောက်ဝါယာကြိုး အပူလွန်၍ 
ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွား ခဲ့သည်။ ထိုမီးလောင်မှုအား ဈေးသူဈေးသားများမှ မီးသတ်ဆေးဘူးများဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်မှုကြောင့် ဈေးဆိုင်ခန်းများသို့ ကူးစက် 
 လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။