Wednesday, February 22, 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အာစီယံ အတွင်းရေးမှူးချုပ်နှင့်တွေ့ ဆုံ


 ၂၂-၂-၂၀၁၂
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အာစီယံ အတွင်းရေးမှူးချုပ် မစ္စတာ
 ဆူရင် ပစ်ဆူဝန်နှင့်တွေ့ ဆုံဆွေးနွေးခဲ့ပြီး   မြန်မာ - အာစီယံ ဥက္ကဌ ၂၀၁၄ တံဆပ် ရိုက်နှိပ်ထား
သော တီရှပ်အား အမှတ်တရ လက်ဆောင်အဖြစ် ဒေါက်တာဆူရင်က ဒေါ်အောင်ဆန်းစုကြည်သို့
 ပေးအပ်ခဲ့ပါသည်။ 
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ “အရှေ့တောင် အာရှနိုင်ငံတွေက
 ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့တွေ” ကို လက်ခံသွားဖို့ စဉ်းစားနေတယ်လို့ သမ္မတ ဦးသိန်းစိန်က
 ပြောကြောင်း အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝန်က ဒီကနေ့ ပြောပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
ဆွေးနွေးမှုကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ အမြင်များ၊ အစိုးရအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ကိစ္စရပ်များနှင့် 

လူထုအားလုံး အကျိုး သက်ရောက်မှု ခံစားရရှိစေနိုင်မည့် လုပ်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်ဟု ဒေါက်တာ ဆူရင်ပစ်ဆူဝမ်က သတင်းထောက်များကို
 ပြောကြားခဲ့ပါသည်။
သူ့အနေဖြင့်မူ ပွင့်လင်း မြင်သာမှု၊ တရားမျှတမှုနှင့် လွတ်လပ်မှုရှိပြီး အာမခံချက် အပြည့်အ၀ရှိသော

 ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း၊ မဲဆွယ် စည်းရုံးရေး ကာလ၌မက ဒီမိုကရေစီ သွားရာ လမ်းတစ် 
 လျှောက်တွင် ပါတီအားလုံး တန်းတူ ညီမျှ အခွင့်အရေး ရရှိ စေလိုကြောင်း၊ အထူးသဖြင့်နိုင်ငံတကာ
မှလိုလားနေသော အာမခံချက်များ ဖြစ်ပေါ်စေရန်ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း၊ မြန်မာ 
အစိုးရ၏ လုပ်ဆောင်မှု များသည် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့် ရမည့် အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန် ကြောင်းကို ပြသရမည် ဖြစ်ကြောင်းနှင့် လိုအပ်သော အကူအညီများကို အာဆီယံက 
တုန့်ပြန် ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အစရှိသည်တို့ကို နေပြည်တော်မှ တာဝန် ရှိသူများ
အားပြောကြားခဲ့သည်ဟု ဒေါက်တာဆူရင်က ပြောဆိုခဲ့ပါသည်။

ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုမှာ တစ်နာရီကျော် ကြာမြင်ခဲ့ပြီး

 နံနက် ၉ နာရီ မိနစ် ၃၀ အချိန်မှ နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်အထိ ကြာမြင့်ခဲ့ပါသည်။
 ဒေါက်တာ ဆူရင်သည်မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင်
မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်မှ လေးရက်ကြာမြင့်မည်ဟု အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ သတင်း ထုတ်ပြန် ထားသည်။