Tuesday, February 21, 2012

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး သရက်မြို့  NLD ဆိုင်းဘုတ်အသစ်တင်ပွဲတက်ရောက်

  ၂၁-၂-၂၀၁၂
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသည် ဇလွန်မှ ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ 
မနက် ၁၀း၀၀ နာရီခန့်တွင် သရက်မြို့ကို ကားနဲ့ ရောက်ရှိလာခဲ့ပါသည်။ ၁၁း၀၀ နာရီအချိန်တွင်
သရက်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်အသစ်တင်ပွဲမှာ ပြည်သူတွေကို သူလာခြင်းအကြောင်းနဲ့ လာမည့်ကြားဖြတ်ရွေးကောက်ပွဲမှာ မဲအရွေးမမှားကြဖို့ ပြောကြားခဲ့
ပါသည်။
၂၀၁၂ ဟာ မာယာပြက္ခဒိန်အရတော့ ကမ္ဘာပျက်မယ့်နှစ် ဖြစ်တယ်လို့ ဆိုပါတယ်၊ ကမ္ဘာပျက်မယ့်နှစ်မှာ ကျနော်တို့ပြည်သူတွေ တကယ် ညီညွတ်ရင် ကျနော်တို့ နိုင်ငံသစ် တည်နိုင်ပါတယ်၊ အားလုံး ယုံကြည်ရဲ့လား၊ ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ် တည်နိုင်အောင် ကျနော်တို့ ပြည်သူတွေနဲ့ ကျနော်တို့ လက်တွဲပြီးတော့ တကမ္ဘာလုံးက လေးစားရတဲ့ နိုင်ငံသစ်ဖြစ်အောင် စပြီးတော့ တည်ဆောက်ကြပါစို့' လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဇလွန်မြို့သူမြို့သားတွေကို ပြောဆိုလိုက်ပါတယ်။ ဇလွန်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ဆုံတဲ့ ဒီအခမ်းအနားမှာ အဖွဲ့ချုပ်အဖွဲ့ ဝင်တွေနဲ့ ဒေသခံပြည်သူတွေကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက အသီးသီး မိတ်ဆက် စကားပြောခဲ့ကြပါတယ်။ အဲ့ဒီနောက် ကိုမင်းကိုနိုင်ဦးဆောင်တဲ့ အဖွဲ့က ဓနုဖြူမြို့ကို ဆက်လက် ထွက်ခွာသွားခဲ့ကြပါတယ်။