Sunday, January 8, 2012

ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး Mr. Christian Friis Bach က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံ



၈-၁၂-၂၀၁၂
ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး Mr. Christian Friis Bach က ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကိစ္စတွေအပြင် နိုင်ငံရေးအကျဉ်း
သားကိစ္စနဲ့ တိုင်းရင်းသားအရေးတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြား
လိုက်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဒိန်းမတ်ဝန်ကြီး Mr. Christian Friis Bach က မြန်မာ့ လူ့အခွင့်
အရေးကိစ္စနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေ သန့်ရှင်းတဲ့ အခြေအနေဖြစ်ရေး ကိစ္စတွေ
လည်း ဆွေးနွေးကြတယ်၊ မြန်မာပြည်သူတွေကို ဒိန်းမတ်က ကူညီမယ့် ကလေးပညာရေး ပြုစုပျိုးထောင်ရေးနဲ့ လယ်သမားတွေကို ကူညီရေးလည်း ဆွေးနွေးခဲ့တယ်လို့ သိပါတယ်။