Friday, January 20, 2012

KIOနှင့်အစိုးရအဖွဲ့အကြား နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီး
နောက် ကြေညာချက်ထုတ်ပြန်

 ၂၀-၁-၂၀၁၂
KIO နှင့် အစိုးရ အဖွဲ့အကြား ငြိမ်းချမ်းရေး ရရှိရန်အတွက် ပဏာမ တွေ့ဆုံမှုကို ဇန်န၀ါရီလ
၁၈ရက်နှင့် ၁၉ရက် နေ့များတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့၌ ပြုလုပ် ခဲ့ပါသည်။ နှစ်ရက်ကြာ တွေ့ဆုံမှု အပြီးတွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ကာ ကြေညာချက်
၌ အချက်လေးချက် ဖော်ပြခဲ့ပါသည်။ ဆွေးနွေးမှု အပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ အချက် လေးချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(၁) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့
နှင့် KIO ကိုယ်စားလှယ်တို့သည် ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီး တည်ငြိမ် အေးချမ်းရေးနှင့်
တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ရှေးရှု၍ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၈ရက်နေ့ နှင့် ၁၉ရက်နေ့တို့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

(၂) နိုင်ငံတော် အစိုးရနှင့်  KIO တို့သည် နိုင်ငံရေး နည်းလမ်းဖြင့် ဆက်လက် ညှိနှိုင်း ဆွေးနွေး
 သွားမည်။

(၃) ဆွေးနွေးကြသည့် အကြောင်းအရာများကို ပြည်သူအများ သိရှိစေရန် မှန်ကန်သော သတင်း
များ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

(၄) စစ်ရေး အရှိန်များကို ထိန်းသိမ်းသွားနိုင်ရန်နှင့် ယုံကြည်မှု တည်ဆောက် သွားနိုင်ရန် အတွက် ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်သော တပ်များ ကိစ္စအား ညှိနှိုင်း
ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ Eleven Mdia Group News