Hkun Htun Oo, chairman of the his Shan Nationalities League for
Democracy Party, speaks during an
interview at his residence in Yangon,Myanmar Thursday, Jan. 19, 2012. The prominent ethnic minority
leader recently freed from prison said he will register his political party but it will not contest upcoming by-elections.
၂၀-၁-၂၀၁၂
၁၉၉၀ ရွေးကောက်ပွဲတွင် ထင်ရှားသည့် တိုင်းရင်းသားပါတီကြီး လေးခုသည် ဖျက်သိမ်းခံထားရ
သော ပါတီများဖြစ်သည်။ ၂၀၀၈ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများကို ကန့်ကွက်ခဲ့ကြပြီး မှတ်ပုံမတင်ဘဲ နေခဲ့ကြသည့် ပါတီများလည်း ဖြစ်ပါသည်။
ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ခေါင်းဆောင် ဦးခွန်ထွန်ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
ပြန်လည်လွတ်မြောက်လာလျှင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြန်လည်စဉ်စားမည်ဟုပြောဆိုထား
ပါသည်။ဦးခွန်ထွန်းဦးမှ တိုင်းရင်းသားပါတီများ တရားဝင်ဖြစ်ရေးကိုလည်း ပြောဆိုထားပါသည်။
ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD၊ မွန်အမျိုးသား ဒီမိုက
ရေစီအဖွဲ့ချုပ် MNDF နှင့် ဇိုမီး အမျိုးသား ကွန်ကရက် ZNC တို့က ပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို
ပြင်ဆင်ပေးခြင်း၊ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးခြင်းတို့ကြောင့်
ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက ပြောဆိုကြသည်။