Thursday, January 19, 2012

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပြန်ဖွင့်ပေးရန် အချိန်မရောက်သေး

၁၉-၁-၂၀၁၂
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ဖယ်ရှား ပေးသင့် မပေးသင့်
အမေရီကန်နှင့် အီးယူ ဥရောပသမဂ္ဂက ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ အီးယူ နိုင်ငံခြားရေးဝန်ကြီး
တွေဟာ လာမယ့် တနင်္လာနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ဆွေးနွေးကြမှာ ဖြစ်သလိုပဲ အီးယူရဲ့ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) ဟာလည်း မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့အချိန် လွတ်ငြိမ်းချမ်းသာခွင့်တွေပေးနေတဲ့အချိန်
နိုင်ငံပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်မှာ  ဗုဒ္ဓဘာသာတရားတော်နှင့်အညီ မေတ္တာတရား
ရှေ့ ထားရမည့်အစား တိုင်းသံဃမဟာနယက ရွှေည၀ါဆရာတော်ကြီးအား ကျောင်းတိုက်မှ ဖယ်
ရှားခိုင်းခြင်းသည် သံဃမဟာနယကဆရာတော် ၄၈ ပါးစုံညီမှုမရှိသည့်အပြင် လေးပုံ တပုံသာ
အစိုးရတင်မြောက်ထားသောဆရာတော် ၁၀ပါးဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကျန်ဆရာတော်ကြီး
များက ပြောဆိုနေကြသည်။
မြန်မာနိုင်ငံတွင် အဓမ္မတရားကြီးဆိုးသော သာဿနာအဖြစ်ရောက်ရှိခဲ့လေပြီ ဘာသာရေးလွတ်
လပ်ခွင့်မရှိ လူသားအခွင့်အရေးများ ဆုံးရုံးနေရဆဲဖြစ်ပြီး တရားလက်လွတ် ဆောင်ရွက်ရာလည်း
ရောက်ပေသည်။ထို့ ကြောင့် စီးပွားရေးပြန်လည်ဖွင့်ပေးမည့် အနောက်နိုင်ငံများအနေဖြင့် မြန်မာ
နိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို သံသယများဖြစ်စေပြီး အစိုးရ၏ အမှန်တကယ်  ပြုပြင်
ပြောင်းလဲရေးကို ပြည်သူများအနေဖြင့် ယုံကြည်စိတ်ချရမည့် အနေအထားမရောက်ရှိသေးပေ။
မြန်မာနိုင်ငံက အပြောင်းအလဲတွေကို လက်တွေ့ ကျကျ နိုင်ငံတကာစံနှုန်းနှင့်အညီ အကောင်
အထည် ဖေါ်ဆောင်ဖို့ အများကြီးရှိနေသေးတယ်ဆိုတာ ယခုရွှေည၀ါဆရာတော်ကြီးကိစ္စမှာ
ဘာသာရေးတွင် လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့်မရှိ အစိုးရမှပါဝင်ပါတ်သက်နေခြင်းတို့ 
ကြောင့် စီးပွားရေးပိတ်ဆို့ မှု ပြန်လည်ဖွင့်ပေးရန်ကိစ္စကို မြန်မာနိုင်ငံသားတို့ ၏ အများဆန္ဒအရ
အီးယူ ဥရောပသမဂ္ဂက၏ ဆုံးဖြတ်ချက်သည် ပြည်သူ့ အသံဖြစ်သင့်ပေသည်။