အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
အမှတ်(၉၇/ခ)၊ နောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့ 
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်
၁၃၇၃ ခုနှစ်၊ ပြာသိုလဆန်း (၉) ရက်
၁၃၇၃ ခုနှစ်၊ ပြာသိုလဆန်း (၉) ရက်
အထူးကြေညာချက်အမှတ်-၁ / ၀၁ / ၁၂
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်သည် လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်
ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ ချုပ်၏ အကျိုးတခုတည်းကိုသာ မကြည့်ဘဲ နိုင်ငံနှင့် ပြည်သူတရပ်လုံး၏ အကျိုးနှင့်
ဒီမိုကရေစီရေးတို့ ကို ရှေ့ ရှုလျက် ရွေးကောက်ပွဲ ဝင်ခြင်းသာ ဖြစ်ပါသည်။
ထို့ ကြောင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေများ
အလိုက် သက်ဆိုင်ရာ ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့ နယ်များမှ ကိုယ်စားလှယ်လောင်းများ
လျာထားသည့် စာရင်းတဦးစီကို ဗဟိုအောင်နိုင်ရေး အဖွဲ့ သို့ (၁၁-၁-၁၂) ရက် ဗုဒ္ဓဟူးနေ့ 
(၄းဝဝ) နာရီ နောက်ဆုံးထား၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (ဌာနချုပ်) သို့ ပေးပို့ ကြရန်
ဖြစ်ပါသည်။ ယင်းနောက်ပိုင်း ရောက်ရှိလာသော ကိုယ်စားလှယ်လောင်း လျာထား
စာရင်းများကို လက်ခံမည် မဟုတ်ပါ။ ကိုယ်စားလှယ်လောင်းများ လျာထားရာတွင် -
(က) ဒီမိုကရေစီရေးကို သစ်စာစောင့်သိသူ
(ခ) ပညာ အရည်အချင်းနှင့် အလုပ်အကိုင် အတွေ့ အကြုံရှိသူ
(ဂ) တိုင်းရင်းသားများ
(ဃ) အမျိုးသမီးနှင့် လူငယ်
လောင်း လျာထား စာရင်းထဲမှ ပုဂ်ဂိုလ်ကိုဖြစ်စေ၊ ဗဟိုအောင်နိုင်ရေးအဖွဲ့ က ရွေးချယ်သည့်
ပုဂ်ဂိုလ်ကိုဖြစ်စေ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် ကိုယ်စားလှယ်လောင်းများကို ဗဟို
အောင်နိုင်ရေးအဖွဲ့ က အတည်ပြုမည် ဖြစ်ပါသည်။ထို့ အပြင် ကြားဖြတ်ရွေးကောက်ပွဲအတွက်
လစ်လပ်နေသော မြို့ နယ်များ၏ အောင်နိုင်ရေးအဖွဲ့ စာရင်းများကိုလည်း (၁၁-၁-၁၂) ရက်
ဗုဒ္ဓဟူးနေ့ (၄းဝဝ) နာရီ နောက်ဆုံးထား၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (ဌာနချုပ်) သို့ 
ပေးပို့ ကြရန် ဖြစ်ပါသည်။
၂-၁-၁၂ နေ့ တွင်ကျင်းပသော ဗဟိုအောင်နိုင်ရေးအဖွဲ့ ၏
အစည်းအဝေး ဆုံးဖြတ်ချက်အရ
ဗဟိုအောင်နိုင်ရေးအဖွဲ့ 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်