၁၂-၁-၂၀၁၂
သမ္မတဦးသိန်းစိန်၏ အမိန်ဖြင့် အကျဉ်းသား ၆၅၁ ဦးအား ထပ်မံပေးလိုက်ကြောင်း
မြန်မာ့ ရုပ်မြင်သံကြားက ယနေ့ ညနေ ၆ နာရီသတင်းတွင် ကြေညာသွားသည်။ နိုင်ငံရေး
လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်
ထားသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ပြီး နိုင်ငံတော်
တည်ဆောက်ရေး တဘက်တလမ်းမှ အထောက်အပံ့ ဖြစ်စေမည့် အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ဦး
ကို ဇန်န၀ါရီလ ၁၃ ရက်နေ့မှ စတင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု သတင်းတွင် ကြေညာ
ခဲ့သည်။
နောက်ထပ်ရတဲ့သတင်းအရ
ကိုမင်းကိုနိုင်နှင့် တောင်ငူထောင်က ဦးခွန်ထွန်းဦးလွတ်မည်ဟုသိရှိရပါသည်။နိုင်ငံရေးအကျဉ်းသား
အများစုပါနိုင်သည်ဟု နေပြည်တော်မှ လာသောသတင်းများအရ သိရှိရပါသည်။