၈၈ မျိုးဆက်သစ်ကျောင်းသားများ
အင်းစိန်ထောင်ရှေ့ ယနေ့မြင်ကွင်း လာကြိုသူနည်းပါး
ကျောင်းဆရာ ဦးကြည်သန်း
၃-၁-၂၀၁၂
လွတ်လပ်ရေးနေ့ ၆၄ နှစ်မြောက် ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ သမ္မတ ဦးသိန်းစိန်က
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို နိုင်ငံပိုင် ရုပ်သံလိုင်းကနေ ညနေ ၄ နာရီမှာ
ကြေညာသွားခဲ့ပါတယ်။
ဒါကြောင့် သမ္မတဦးသိန်းစိန်ရဲ့ ဒီတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ၈၈မျိုးဆက်
ကျောင်းသား ခေါင်းဆောင်တွေ လွတ်မြောက်လာစရာ လမ်းစမရှိဘူးလို့ နိုင်ငံရေး အကျဉ်းသား
မိသားစုတွေက တွက်ဆနေကြပါတယ်။
၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေဟာ နိုင်ငံရေး
အတွက်လုပ်ဆောင်ခဲ့ကြလို့  အပြစ်ဒဏ်အမျိုးမျိုးစွဲချက်တင်ပြီး မတရားအမိန့် တွေနဲ့ ထောင်
ဒဏ်နှစ်ရှည်ကျခံနေရပါတယ်။
ဒီတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း အကျဉ်းသားလွတ်ရက် စေ့နေပြီဖြစ်လို့ လွတ်လာနိုင်
သူတွေဘဲပါကြောင်းသိရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီး ထောင်ဒဏ်နှစ်ကြီးသမားတွေကို
နှစ်လျှော့ပေးလိုက်တာဘဲရှိတယ်။နိုင်ငံရေး အကျဉ်းသားတွေ မပါသလောက်နည်းမှာကိုတွေ့ ရ
တဲ့အတွက် မိသားစုဝင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သမတ ဦးသိန်းစိန် နိုင်ငံတကာကို
ထပ်လိမ်ပြန်ပြီလို့  ယူဆနေကြပါတယ်။
အမှန်ကတော့ စစ်အစိုးရလုပ်နည်းအတိုင်းပေါ့ ကြားဖြတ်ရွေးကောက်ပွဲ မပြီးသေးသရွေ့ လွှတ်မယ်မထင်ပါဘူး။ရွေးကောက်ပွဲပြီးမှ နှစ်ဆန်းတစ်ရက်နေ့ လောက်ကျမှ လွှတ်ပေးမယ်လို့  ထင်မြင်မိပါတယ်။


