အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သူ ဘဘ ဦးလွင် အသက်(၈၈)၏
ကျန်ရစ်သောရုပ်အလောင်းအား ချစ်ခင်လေးစားကြသူများနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒုဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ မှလိုက်ပါပို့ 
ဆောင်ကြသည်။လာရောက်နှစ်သိမ့်မေး မြန်းသူတို့အတွက်အသုဘရှု ၊အနိစ္စတရားတို့ကို
ရှုနိုင်ရန် အတွက်ပြင်ဆင်ထားပြီး။ ၈.၁၂.၂၀၁၁(ကြာသပတေးနေ့) နေ့လည်(၁း၀၀)နာရီ
အချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ်ခြင်း
အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။