Monday, December 26, 2011

ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိ

 ၂၆-၁၂-၂၀၁၁
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ဟာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီး သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီလို
တွေ့ဆုံတဲ့ အခါ ဂျပန်အစိုးရရဲ့ ODA ခေါ် နိုင်ငံရပ်ခြား အကူအညီတွေ ပြန်လည်ထောက်ပံ့ဖို့ ကိစ္စတွေ ဆွေးနွေးမယ်လို့ သိရပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့
ယနေ့ ဒီဇင်ဘာလ ၂၆ ရက် ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံဖို့ ရှိတယ်
လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောဆိုချက်အရသိရှိပါတယ်။