ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီး နေအိမ်
မှာ တွေ့ဆုံပါတယ်။
အရင်တစ်ခေါက် ခရီးစဉ်အတွင်း မတွေ့ဆုံနိုင်ခဲ့တဲ့ကိစ္စ အပါအဝင် ကိစ္စအထွေထွေကို
ခေါင်းဆောင်နှစ်ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကို ထုတ်ပြန်တာမရှိပါဘူး။
နှစ်နိုင်ငံ စီးပွားရေး ဖွံဖြိုးမှုဆိုင်ရာ ကိစ္စတွေကို အဓိက ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ 
သိရပါတယ်။အခုလို တွေ့ဆုံတာဟာ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံအနေနဲ့  ခေါင်းဆောင်
တဦးနဲ့ တဦးရင်းနှီးစွာ တွေ့ ဆုံတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတွေ့ဆုံ
တာဖြစ်ပါတယ်။