Thursday, December 15, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ဒုတိယ ခေါင်းဆောင်များကို ၁၉ရက်နေ့ ရွေးချယ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့်ဒီဇင်ဘာ ၁၂ရက်
နေ့က ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်ပြီးနောက် ပါတီမှတ်ပုံတင်ရာတွင်လိုအပ်မည့်  ဥကဌနှင့်
ဒုတိယ ခေါင်းဆောင်များကို လာမည့် ၁၉ရက်နေ့တွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့မှလာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ရန်
အတွက် အဖွဲ့ဝင် ၂၁ဦးပါ ဗဟို ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ပါသည့် လူများမ
ဟုတ်ပဲ ပါတီမှတ်ပုံတင်ရန်လျှောက်ထား ရန် ရွေးကောက်ပွဲကော်မတီသို့အမည်စာရင်းတင် သွင်းထားသည့် ၂၁ဦးသည်လာမည့် ဒီဇင်ဘာ၁၉ရက်နေ့တွင် ပါတီပြန်လည်မှတ်ပုံတင်ရန်
အတွက်လိုအပ်မည့် ဥကဌနှင့် ဒုတိယ ခေါင်းဆောင်များ ကိုပြန်လည်ရွေးချယ်ဖြစ်ကြောင်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြန်ကြားရေးမှသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်  ပြီးခဲ့သည့်နိုင်ဝင်ဘာ၂၅ရက်နေ့က ပါတီမှတ်ပုံတင်ရေး
အတွက် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ရုံး သို့သွား ရောက် လျှောက်ထားခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီမှတ်ပုံ တင်လျှောက် ထားခြင်းနှင့် ပါတ်သက်၍ နေပြည်တော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဒီဇင်ဘာ ၁၂ ရက်နေ့ တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား ဥပဒေ နည်းဥပဒေများနှင့် ညီညွတ်သောေ ကြာင့်  နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်သည်။

ဇော်တူး