Monday, December 12, 2011

ကေအိုင်အေနဲ့အစိုးရစစ်တပ်တို့အကြား စစ်ပွဲများပြင်းထန်

ဒီဇင်ဘာလ ၆ -၇ ရက် ကေအိုင်အေတပ်ရင်း (၃) အခြေစိုက် ဝူထောင်တောင်မှာ
ကေအိုင်အေနှင့် သိန်းစိန် စစ်တပ် တို့အကြားတိုက်ပွဲဖြစ်ခဲ့ရာစစ်အစိုးရစစ်သား
 (၃၀၀)ကျော် ကျဆုံးကြောင်း သိရှိရပါတယ်။

ပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့ တိုက်ပွဲမှာတော့ (၁၀၀)ဝန်းကျင် ကျဆုံးကြောင်း
သိရှိရပါတယ်။အားလုံးပေါင်းရင် စစ်အစိုးရစစ်သားများဝူထောင် စခန်းတိုက်ပွဲမှာ
စစ်သား (၄၀၀) နီးပါးကျဆုံးပြီ ဖြစ်ကြောင်းသိရှိရပါတယ်။

“စစ်အစိုးရစစ်သားများဟာအော်ဟစ်ပြီးချီတက်လာရာကေအိုင်အေတပ်ရင်း (၃) တို့မ
ခံပစ်ခြင်းဖြစ်တယ်..” ဒီသတင်းကိုတပ်ရင်း (၃) မှ ဖုန်းဆက်ပြီးပြောပြလာပါတယ်။

အဲ့လိုတိုက်ပွဲတွေဖြစ်ပြီးနောက် စစ်အစိုးရစစ်သားများအဆမတန် ပြန်လည် ချီတက်
လာမှုကြောင့်ကေအိုင်အေတပ်ရင်း (၃) ကိုခေတ္တခဏနေရာဖယ်ပေးလိုက်ခြင်း
 ( ခွာစစ်ဆင်ခြင်း) ဖြစ်တယ်လို့သိရပါတယ်။နေရာဖယ်ပေးလိုက်ပေမယ့်
တိုက်ပွဲဟာနေ့တိုင်း ဖြစ်ပွားနေပါတယ်။

ဇော်ရှန်