၇-၁၂-၂၀၁၁
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးဦးလွင် ဟာ အင်္ဂါနေ့ည ၈ နာရီ ၄၀ မိနစ် မှာ ရန်ကုန်မြို့နေအိမ်မှာ ၉၆ ပါး ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
ဦးလွင်ဟာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်မှာ ဒုတိယ ဝန်ကြီးချုပ် အဖြစ် တာဝန်
ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော် ကောင်စီဝင် တစ်ဦး အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့
ပါတယ်။ ၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံ အပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို
ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ တည်ထောင်တဲ့ အခါ ဦးလွင်လည်း ပါဝင်ခဲ့ပါသည်။
ပါတီ အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဦးလွင်ဟာ ကွယ်လွန်ချိန်မှာ
အသက်(၈၈) နှစ်ရှိပြီဖြစ်ပါတယ်။ ဆုံးပါးချိန်မှာ သမီးတစ်ဦး ကျန်ရစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးဦးလွင်၏ အထ္တုပ္ပတ္တိအကျဉ်း