Monday, December 5, 2011

ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်သမီး ငြိမ်းချမ်းရေး
နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ ၀ယ်ယူအားပေးသူများပြား

၅-၁၂-၂၀၁၁   (ဓါတ်ပုံ AP)
လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်
ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ဥပဒေစိုးမိုးရေး လူ့ အခွင့်အရေးရရှိရေးတို့ 
အတွက် ကြိုးပမ်းဆောင်ရွက်မှုများအား တနိုင်ငံလုံးရှိ ပြည်သူများသာမက ကမ္ဘာကပါ ချစ်ခင်
လေးစားကြပြီး သူမအား ထောက်ခံအားပေးကြသည်။ မြန်မာနိုင်ငံ၏ စာပေ ဂီတ အနုပညာ
နယ်ပယ်အရပ်ရပ်မှ ပုဂ္ဂိုလ်များ၏ ကြည်ညိုလေးစားခြင်းခံရပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်
ပြောင်းလဲရေးတွင် အလင်းရောင်ကို ဖော်ဆောင်ပေးသော  အမျိုးသားခေါင်းဆောင်အဖြစ်
ထင်ထင်ရှားရှားထွက်ပေါ်လာနေပြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်
တို့ ၏ ဓါတ်ပုံများ စာနယ်ဇင်းများ ရောင်းအားကောင်းလာသည်ဟု စာနယ်ဇင်းအသိုင်း
အ၀ိုင်းက ဆိုကြသည်။