Monday, November 7, 2011
NLD ပါတီ မှတ်ပုံတင်မတင် လူထုအသံ
နိုဝင်ဘာလ ၄ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီ
 မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ချက်ဟာ   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တောင်းဆိုထားတဲ့ အချက်တွေနဲ့ ကိုက်ညီတာမို့ NLD ပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ
တင်ဖို့ အလားအလာ ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိ သူ ဦးဥာဏ်ဝင်းကဆိုပြီး NLD ပါတီ ခေါင်း
ဆောင်တွေ ဒီကိစ္စကို ဆုံးဖြတ်ချက်ယူမယ်၊တင်ဖြစ်ဖို့အလား အလာ အများကြီးရှိတယ်လို့ ပြောဆိုထားပါတယ်။
နိုင်ငံတကာ နိုင်ငံရေးကျွမ်းကျင်သူ ပညာရှင်များက မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီပြုပြင်
ပြောင်းလဲရေး အတွက် အကြံပြုတိုက်တွန်းနေတာတွေ့ ရပါတယ်။အရေးကြီးတာက ၂၀၀၈
 အခြေခံဥပဒေနဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ တွေလိုအပ်နေတယ်လို့  အသံတွေလည်း ရှိနေပါတယ်။ ၂၀၀၈ အခြေခံဥပဒေ လို အပ်ချက်တွေလည်း တောင်းဆိုနေပြီး လက်ရှိပြောင်း
လဲ ပေးလိုက်သော“နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ချက် ၃ ချက်ကိုပြင်ဆင်ခ
ဲ့ပါသည်။ ပည်ထောင်စုလွှတ်တော် အကြီးအကဲ ဦးခင်အောင်မြင့်က ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်
ကို အသိ အမှတ်ပြုကြောင်း ပြောဆိုခဲ့ပြီး အစိုးရသစ်မှ ပြုပြင်ပြောင်းလဲရေးတွေလုပ်ပေးပြီး
လွှတ်တော်မှ ကြိုဆိုကြောင်း။ပြုပြင်ပြောင်းလဲရေးတွေ ပိုမိုလုပ်ဆောင် နိုင်ရေးအတွက် ညီညွတ
ပြီး အင်အား ရှိတဲ့ စီမိုကရစီတပ်ပေါင်းစုတွေ လိုအပ်ပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ပါတီ
တရပ်ကသာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် မဟာမိတ်ပါတီအဖြစ် ပူးပေါင်း ဆောင်ရွက်သွားဖို့ရှိကြောင်း ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေကလည်း ကြိုဆိုခဲ့ပါတယ်။
ဒီမိုကရက်တစ် နိုင်ငံရေးပါတီများက မျှော်လင့်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ်လို့  ပြည်တွင်းမှာအသံတွေကျယ်
လောင်စွာ ထွက်ပေါ်လာနေပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေး အခြေအနေများထက် အသွင်ကူးပြောင်းရေး ကာလလို့  သတ်မှတ်ခေါ်ဆောင်နိုင်ရန် ဒီထက်ပိုပြီး ညှိနှိုင်းဆွေးနွေးမှု
တွေ အပေးအယူတွေ ယုံကြည်မှုတွေ တည်ဆောက်နိုင်မှသာလျှင် တိုင်းပြည်မှာ ငြိမ်းချမ်းရေး
ကို ဖေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။မြန်မာ့နိုင်ငံရေးရှုပ်ထွေးမှုဟာ နှစ်ပေါးင်း ၅၀ ကျော်လာသည်
တိုက်ပွဲဝင်နေကြသော ကျောင်းသားခေါင်းဆောင်များ လွှတ်မြောက် ရေးဟာ အရေးကြီးပါတယ်။
ပြည်သူတွေရဲ့ အတွေးအမြင်
သုဝဏ္ဍမှ မခင်စမ်းဝင်းအမြင်ကတော့ ပြည်သူတွေ ဒုက္ခအခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
ရွေးကောက်ပွဲ ၀င်တာမ၀င်တာထက် တိုင်းပြည်အတွက် ဘယ်သူကဘယ်လောက်တိုးတက်
အောင် လုပ်ပေးမလဲဆိုတာကိုဘဲ သိချင်ပါတယ်။
မင်္ဂလာတောင်ညွန်မှ ကျောင်းသား မင်းကိုကိုက တိုင်းပြည်ရဲ့ အပြောင်းအလဲတွေကိုလိုချင်
ပါတယ်။ နှစ်ပေါင်းများစွာ နှိမ်ကျနေတဲ့ ပညာရေးစနစ်နဲ့  ကျောင်းသားတွေစိတ်ညစ်နေပါပြီ မတိုးတက်သေးတဲ့ အတွက် နိုင်ငံမှာစီပွားရေးကျဆင်းမှုကြောင့် မိဘတွေမှာအခက်အခဲတွေ
ရှိနေပြီး သားသမီးတွေ ပညာရေးကို အလေးမထားနိုင်ပါဘူး စားဝတ်နေရေးအတွက် ရုံးကန
နေရပါတယ်။ ဒေါ်စုကိုလေးစားပါတယ်။
ပုဇွန်ထောင်မြို့ နယ်မှ ဦးဘရင်က အဘတို့ လဲအသက်တွေကြီးလှပါပြီ တိုင်းပြည်ငြိမ်းချမ်း တာကိုမြင်ချင်ပါတယ်။အခုဆို ၇၈ ကျော်လာပြီဖြစ်တဲ့အတွက် လွတ်လပ်ရေးရပြီးစလဲမြင်ခဲ့ရ
ပါတယ်။ မဆလ န၀တ နအဖ အစိုးသစ် ကတော့ စစ်တပ်ကလူတွေအုပ်ချုပ်ခဲ့ပြီး တိုင်းပြည
ဆင်းရဲ ခဲ့ရတဲ့အတွက် စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမြင်ချင်ပါတယ်။ဒေါ်အောင်ဆန်းစ
ကြည် နိုင်ငံအသွင်ကူးပြောင်းရေးမှာပါမှ တိုင်းပြည်တိုးတက်အောင်လုပ်နိုင်မယ်။ပါတီထက်
နိုင်ငံအရေးကပိုပြီး အရေးကြီးပါတယ်။