၁၆-၁၁-၂၀၁၁
မြန်မာအစိုးရသစ်တက်လာပြီး ၁နှစ်အတွင်း အာဆီယံ ဥက္ကဌ လုပ်ဖို့ ကြိုးစာခဲ့တာတွေနဲ့ ပါတတ်သက်လို့  အတိုက်အခံတွေနဲ့  လူ့ အခွင့်အခွင့်အရေးကြိုးဖမ်းသူတွေက ကန့် ကွက်
နေကြပါတယ်။
အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တဲ့အချက်က အာဆီယံ
အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့အတွက် ကြိုးပမ်းမှုအပေါ် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
မြန်မာအစိုးရက ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ကမ်းလှမ်းထား
တဲ့ ကိစ္စကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူ ထောက်ခံ လိုက်ကြပါတယ်။
မြန်မာနိုင်ငံမှာ သိသိသာသာထင်ရှားတဲ့ အပြောင်းအလဲတွေ အစိုးရမလုပ်သေးပါဘူး။တချို့ 
ကိုသာ အများလက်ခံလာအောင် လုပ်ပြနေတာဖြစ်ပါတယ်။တိုင်းပြည်မှာ ဒီမိုကရေစီစနစ်
ထူထောင်မယ်ဆိုရင် ငြိမ်းချမ်းရေးက အရေးကြီးပါတယ်။ တိုင်းပြည်မငြိမ်းချမ်းဘဲ ဒီမိုကရေစီ
စနစ်သွားလို့ မရပါဘူး။ဥပဒေ စိုးမိုးရေးနဲ့  ဒီမိုကရေစီစံနှုန်းတွေ ရှိဖို့ လိုအပ်ပါတယ်။ ၂၀၀၈
အခြေခံဥပဒေဟာ လိုအပ်ချက်တွေ အများကြီးရှိနေတာမို့ ပြည်သူတွေထောက်ပြဝေဖန်နေ
ကြပါတယ်။ဒါတွေကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့  အစိုးရမှာတာဝန်ရှိပါတယ်။
တိုင်းပြည်အကျိုးဆောင်ရွက်တဲ့ ရဟန်းသံဃာများ ကျောင်းသားခေါင်းဆောင်များ တိုင်းရင်း သားခေါင်းဆောင်များ လူ့ အခွင့်အရေးတောင်းဆိုသူများကို မတရားဖမ်းဆီပြီး နှစ်ရှည်ထောင်
ဒဏ်များချမှတ်ထားပြီး လွှတ်ပေးခြင်းမရှိသေးပါဘူး။မနေ့ ကဘဲ မန္တလေးသံဃာတွေ တိုင်းပြည်
ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးဖို့  ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။မြန်မာ အစိုးရ
ရရဲ့  ပြုပြင်ပြောင်းလဲမှုတွေဟာ လူ့ အခွင့်အရေးကို အာမခံချက်မရှိသေးပါဘူး။ပြည်တွင်းစစ်လဲ
မရပ်စဲသေးပါ။ပြည်သူတွေကလည်း လူ့ အခွင့်အရေးနဲ့ လွတ်လပ်မှုမရှိသေးတဲ့ မြန်မာနိုင်ငံကို အာဆီယံဥက္ကဌ နေရာကို ပေးတာကို လက်မခံပါဘူး။မြန်မာနိုင်ငံမှာ လူ့ အခွင့်အရေးရရှိဖို့ 
ပြည်သူတွေ တောင်းဆိုနေကြပါတယ်။ ထိုတိုင်းပြည်ရဲ့ ပြည်သူ့ ထောက်ခံမှု မရှိတဲ့ 
အစိုးရကို အာဆီယံက ဥက္ကဌ နေရာအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေး
ဝန်ကြီးတွေထောက်ခံတာဟာ ပြည်သူ့ ဆန္ဒကိုလျစ်လှူ့ ရှုရာရောက်ပါတယ်။ စောလွန်းတယ်
စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။အစိုးရသစ်က အချိန်ဆွဲပြီး အပေးအယူလုပ်ဖို့ လုပ်နေတာပါ
အာဆီယံအနေနဲ့  ဆန္ဒမစောသင့်ပါဘူး။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
ပြည်တွင်းငြိမ်းချမ်းရေး နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးရေး တွေ့ ဆုံဆွေး
နွေးရေးတွေ အမြန်ဆုံးအကောင်အထည် ဖော်ဖို့ လိုအပ်နေပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ လေးရက်ကြာပြုလုပ်မယ့်
အစည်းအဝေး အဖွင့်အဖြစ် အင်ဒိုနီးရှားနိုင်ငံ အပန်းဖြေအနားယူစခန်းဖြစ်တဲ့
ဘာလီကျွန်းမှာ ဒီကနေ့ အင်္ဂါနေ့ စတင် ဆွေးနွေးခဲ့ကြတာပါ။