Monday, November 21, 2011

အမျိုးသားအောင်ပွဲနေ့ မှာ အညတရ သူရဲကောင်းဆုကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်

၂၁-၁၁-၂၀၁၁ (ဓါတ်ပုံ AP)
ဒုတိယအကြိမ်မြောက် အညတရ သူရဲကောင်းဆုတွေကို နိုဝင်ဘာ ၂၀ ရက်နေ့ အမျိုးသား
အောင်ပွဲနေ့ တွင်ရန်ကုန်မြို့ အင်န်အယ်လ်ဒီ ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့
အထိမ်းအမှတ် အခမ်းအနားမှာ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

အညတရ သူရဲကောင်းဆုဟာ မြန်မာပြည် ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် စွန့်လွှတ်
လှုပ်ရှားရင်း အကျဉ်းကျနေတဲ့ မထင်မရှား နိုင်ငံရေး အကျဉ်းသားတွေကို ဂျပန်နိုင်ငံရောက်
 မြန်မာ စေတနာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီက
လှူဒါန်း ချီးမြှင့်နေတဲ့ဆုဖြစ်ပါတယ်။