Friday, November 4, 2011

ဂျာမနီနိုင်ငံခြားရေးရာဝန်ကြီး ဒေါက်တာဝါနာဟွိုင်ရာ
ဆွေးနွေးပွဲကျင်းပ

 ၄-၁၁-၂၀၁၁
ဒီနေ့ ညရှစ်နာရီမှာ ဂျာမနီနိုင်ငံခြားရေးရာဝန်ကြီး ဒေါက်တာဝါနာဟွိုင်ရာနဲ့ အဖွဲ့ ဟာအမှတ်၁၃၂
တက္ကသိုလ်ရိပ်သာလမ်းမှာ နိုင်ငံရေးလောကမှ ဆရာကြီးများနဲ့  ပါတီအဖွဲ့ များနဲ့ တွေ့ ဆုံဆွေးနွေးကြပါလိမ့်
မယ် ပြည်တွင်းမှလာသော သတင်းများအရ သိရှိရပါတယ်။ပြုပြင်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရေးမှာ
စစ်မှန်သော ပြောင်းလဲမှုကိုလိုလားကြသော ကမ္ဘာ့နိုင်ငံရေးကျွမ်းကျင်သူများက ဆွေးနွေးပွဲများဖေါ်
ဆောင်ပေးနေပြီး နိုင်ငံရေးအရလိုအပ်ချက်များကို အစိုးရဘက်ရော အတိုက်အခံဘက်ပါ တိုက်တွန်းနေ
ကြတာတွေ့ မြင်ရပြီး နိုင်ငံတကာနယ်ပယ်မှ နိုင်ငံရေး စီးပွားရေး ပညာရေး ဒီမိုကရေစီအရေးတို့ ကို
ပညာရှင်များက နောက်ထပ်လာရောက်လိမ့်မည်ဟု သတင်းရရှိပြီး ပညာရေးမြှင့်တင်ဖို့  ရန်ကုန်တက္ကသိုလ်
နှင့် RITနှင့် GTI ကျောင်းများပြန်ဖွင့်ရန် ပြင်ဆင်နေသည်ဟု သိရှိရသည်။